Tuesday, August 4, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာအလုပ်သမား...

ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာအလုပ်သမား ၄၀၀၀ ခန့်အား ပြည်ပနိုင်ငံများသို့ စေလွှတ်နိုင်ခဲ့

ပြီးခဲ့သည့် တစ်နှစ်အတွင်း မြန်မာအလုပ်သမား ၄၀၀၀ ခန့်အား ပြည်ပနိုင်ငံများသို့ စေလွှတ်နိုင်ခဲ့

 

မြန်မာနိုင်ငံသားအလုပ်သမား ၃၅၆၄ ဦးအား ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်အထိ တစ်နှစ်အတွင်း ပြည်ပနိုင်ငံ ၄၅ နိုင်ငံသို့စေလွှတ်နိုင်ခဲ့သည်ဟု အလုပ်သ မားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုပြန်လည်များပြားလာသဖြင့် စက်ရုံ၊အလုပ်ရုံများတွင် အလုပ်ရှင်၊အလုပ်သမားများ၏ အခက်အခဲများဖြေရှင်းရေးအတွက် အစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့် ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ စေလွှတ်ရာတွင် အလုပ်သမားအေဂျင်စီ၊ အဆင့်မြင့်ကျွမ်းကျင်လုပ်သားများအား မိမိအစီ အစဉ်တို့ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများအား စင်ကာပူနိုင်ငံသို့ ၂၁၈၅ ဦး၊ကိုရီးယားနိုင်ငံသို့ ၂၂၅ ဦး၊ဂျပန်နိုင်ငံသို့ ၂၆၂ ဦး၊မလေးရှားနိုင်ငံသို့ ၈၄ ဦးနှင့်အခြား ၄၁ နိုင်ငံသို့ ၈၀၈ ဦး(စုစုပေါင်း ၃၅၆၄ ဦး)စေ လွှတ်နိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်ကိုရီးယားနိုင်ငံတို့တွင် ကိုဗစ်(၁၉)ရောဂါကူးစက်မှု လျော့ကျလာသဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၂၉ ရက်မှစတင်၍ ကိုရီးယားနိုင်ငံသို့ အလုပ်သမားများပြန်လည်စေလွှတ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၂၀ ရက်အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး(စုစုပေါင်း ၃၅၆ ဦး)အား စေလွှတ်နိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၏ ပြောကြားချက်အရသိရသည်။

ထို့အတူကိုဗစ်(၁၉)ရောဂါကာကွယ်တာဆီးရေးလမ်းညွှန်ချက်များနှင့်အညီ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်၊လက်ခံနိုင်ရေးအား ညှိနှိုင်းဆွေးနွေး၍ ရွှေ့ပြောင်းလုပ်သားများ စေလွှတ်နိုင်ရေးအတွက် အထက်ဌာနများသို့တင်ပြ၍ လမ်းညွှန်ချက်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်ချထား၊

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားကြောင်း မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တံငါတံတား၏ လက်ရှိရေအမှတ်မှာ ၉၅ ဒသမ ၆ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ နောက်ထပ် ရေ ၃ ပေခန့် ထပ်မံမြင့်တက်လာပါက...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။ B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင်...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071