Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeNewsFootballပြိုင်ဘက် ထိုင်းအသင်းကို ရဲရဲရင့်ရင့်ယှဉ်ပြိုင်...

ပြိုင်ဘက် ထိုင်းအသင်းကို ရဲရဲရင့်ရင့်ယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာအသင်း နည်းပြပြော

ပြိုင်ဘက် BG Pathum United (ထိုင်း) အသင်း၏ နိုင်ငံခြားသား ကစားသမားများနှင့် အရေးကြီး ကစားသမားများ၏အကြောင်း သေချာလေ့လာထားပြီး ရဲရဲရင့်ရင့် ကစားသွားမည်ဟု ရှမ်းယူနိုက်တက် နည်းပြဖြစ်သူ ဟီရိုကီ အိုနိုက ပြောသည်။

ယနေ့ ဇန်နဝါရီ (၂၁)ရက် က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ပြုလုပ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် BG Pathum United (ထိုင်း) အသင်းတို့၏ Asean Club Championship Shopee Cup 2024 – 25 ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

“အသင်း နှစ်သင်းကြားက ကွာခြားမှုတွေကို သိပါတယ်။ ဒါပေမဲ့ ကလပ်အသင်း ရပ်တည်မှုအတွက် အကောင်းဆုံး ကစားသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ BG အသင်းရဲ့ နိုင်ငံခြားသား ကစားသမားတွေ၊ အရေးကြီး ကစားသမားတွေအကြောင်း သေချာ လေ့လာထားပြီး ပြင်ဆင်ထားတယ်။ ရဲရဲရင့်ရင့် ကစားမယ်။ တတ်နိုင်သလောက် ကြိုးစားမယ်။ အမှတ်ရဖို့ ပစ်မှတ်ထားနေပါတယ်။”ဟု ဆိုသည်။

BG Pathum United (ထိုင်း)၏ နည်းပြဖြစ်သူ Supachai Komsilp ကလည်း ” ရှမ်းယူနိုက်တက်အသင်းကို လေးစားမှု အပြည့်ရှိပါတယ်။ အဓိက ကစားသမား အားလုံး ခေါ်လာပါတယ်။ ရှမ်းယူနိုက်တက် အသင်းမှာ နိုင်လိုစိတ်ပြင်းထန်တဲ့ ကစားသမားတွေ ရှိတာတွေ့ရတယ်။ သူတို့ အသင်းရဲ့ PSM ပွဲရယ်၊ တီရန်ဂါနူး ပွဲရယ်ကို Analysis လုပ်ပြီး လေ့ကျင့်ထားတယ်။”ဟု ဆိုသည်။

မနက်ဖြန် ဇန်နဝါရီ(၂၂)ရက် ၊ ညနေ (၆) နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း အဆိုပါ အသင်း (၂) သင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ACC အုပ်စုအဆင့် ပွဲစဉ် (၃) ပွဲစီ ကစားပြီးချိန်၌ ရှမ်းယူနိုက်တက်အသင်းသည် ရမှတ် (ဝ) မှတ်ဖြင့် အဆင့် (၆)၊ BG Pathum က ရမှတ် (၅) မှတ် ဖြင့် အဆင့် (၃)၌ အသီးသီး ရပ်တည်နေကြသည့်အသင်းများဖြစါသည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (A)အတွင်း ကျရောက်နေပြီး၊ ထိုင်းကလပ် BG Pathum United အသင်း ၊ မလေးရှားကလပ် Terengganu အသင်း၊ အင်ဒိုနီးရှားကလပ် PSM မာကာဆာ အသင်း၊ ဗီယက်နမ်ကလပ် Dong A Thanh Hoa အသင်း ၊ ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းတို့နှင့် ယှဉ်ပြိုင်နေရခြင်းဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီ (၈) ရက်တွင် မလေးရှားကလပ် Terengganu အသင်းကို အိမ်ကွင်း၌ လည်းကောင်း ၊ ဇန်နဝါရီ (၂၂) ရက်တွင် ထိုင်းကလပ် BG Pathum United အသင်းကို အိမ်ကွင်း၌လည်း ကောင်း၊ ဖေဖော်ဝါရီ (၅) ရက်တွင် ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းကို အဝေးကွင်း၌ လည်းကောင်း အသီးသီးသွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ဆီးဂိမ်း ယူ -၂၂ အမျိုးသား ဘောလုံးအသင်း ကစားသမားများ ရွေးချယ်မည်

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာ၌ လက်ရှိ မြန်မာ ယူ- ၂၂ ကစားသမားများအပါအဝင် (၅)ကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းနှင့် ပြည်နယ် ၊ ဝန်ကြီး ဌာနအသင်းများမှ ကစားသမားများကိုပါ ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း ပါဝင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေမည်

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုပြီး တစ်ရက်အကြာ တာချီလိတ်မြို့တွင် လာအိုဘက်က (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးမည်ဟု အကြောင်းပြန်လာခြင်းကြောင့် ယင်းသို့အုပ်စု(၂)စုခွဲ၍ အလှည့်ကျပေးဝေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ "ကော်မတီက ဝယ်ထားတာ(၃၀) မဂ္ဂါဝပ်ဗျ။ အခု (၁၃)မဂ္ဂါဝပ်ပဲ ရတော့မယ်ဆိုတော့ ပမာဏနည်းသွားတော့ အချိန်နဲ့ဖြစ်သွားတာပေါ့"ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တာချီလိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်မှစတင်၍ မီးပေးဝေရာတွင် လာအို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍ လူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲက ဖမ်းဆီးခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထု‌ကြေငြာခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် ဆက်စပ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုစုပေါင်း အမှုပေါင်း ၇၃,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း ၄,၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံအတွင်း နိုင်ငံရပ်ခြား လောင်းကစားအဖွဲ့ကြီးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071