မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးအတွင်းမှ ရုပ်အ လောင်း(၃)ခုကို ယနေ့ သြဂုတ် ၂၃ ရက်ကထပ်မံတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနှင့် မန္တလေးမြို့တော်စည်ပင်တို့ပူးပေါင်း၍ ပြိုကျပျက်စီးနေမှုများကိုဖယ်ရှားရှင်းလင်းစဥ် အဆောင်(A)၊ အခန်းအမှတ် A4 မှ အမျိုးသမီး(၁)ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ရသဖြင့် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆောင်(A)၊ အခန်းအမှတ် A4 မှလည်း အမျိုးသား(ကလေး)(၁)ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ပြီး နေ့လည် ၁ နာရီ၊ အဆောင်(A)၊ အခန်းအမှတ် A4 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရပြီး မွန်းတည့် ၁၂ နာရီခွဲထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းများအား မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
