ဇွန်လ (၁၆) ရက်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၌ မြန်မာစာဖြေဆိုသူ (၆၂,၈၂၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပြန်လည်ဖြေဆိုကြသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နေပြည်တော် ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ (၂၉)ခရိုင်၊ (၅၈) မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း (၁၉၅) ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၆၃,၆၇၃) ဦး စာရင်းပေးသွင်းကြပြီး (၆၂,၈၂၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ (၄)ခရိုင်၊ (၈)မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၄၇) ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၁၂,၅၃၁) ဦး စာရင်းပေးသွင်းကြပြီး (၁၂,၄၀၇) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
မတ်လ (၂၈) ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများအား စာစစ်နေချိန် အဆောက်အုံပြိုကျကာ မီးလေ-ာင်သွားသောကြောင့် တက္ကသိုလ်ပင်မဆောင်သို့ ရောက်ရှိနေသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်တန်း(Grade 12) ဖြေဆိုထားသည့်ကျော င်းသား (၆၂,၉၅၄) ဦး ၏ အဖြေလွှာမှာ မီးလေ-ာင်ပျ-က်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများသည် ဇွန် (၁၆) ရက်မှ (၂၁) ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမည် ဖြစ်သည်။