Wednesday, May 13, 2026

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း...

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း...

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို...

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန်...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက်...

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း...
HomeNewsLocal Newsပြန်ပေးဆွဲခံရသည့် ကျောင်းအုပ်ဆရာနှင့် ဆရာမနှစ်ဦး...

ပြန်ပေးဆွဲခံရသည့် ကျောင်းအုပ်ဆရာနှင့် ဆရာမနှစ်ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ပြန်ပေးဆွဲခံရသည့် ကျောင်းအုပ်ဆရာနှင့် ဆရာမနှစ်ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ပြန်ပေးဆွဲခံရသော ကျောင်းအုပ်ဆရာ ဦးဘိုဝင်းနှင့်ဆရာမဒေါ်ဥမ္မာကျော်တို့နှစ်ဦးသည် ယမန်နေ့ ဇွန်၂၃ ရက် ည၁၀ နာရီ မိနစ် ၅၀ အချိန်တွင် ဘဂ်လားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံညှိနှိုင်းရေးအဖွဲ့က ဇွန် ၂၂ ရက်တွပြန်ပေးအဖွဲ့ထံ မြန်မာကျပ်ငွေ ၁၀၄၁သိန်းအား လွှဲပေးပြီးနောက် ၎င်းတို့နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali ကျေးရွာအနီး၌ လာရောက်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါ ကျောင်းဆရာနှင့်ဆရာမနှစ်ဦးမှာ ဇွန် ၂၃ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်အကူအညီတောင်းခဲ့ရာ ဆရာတော်မှ ၎င်းကျေးရွာနေ ဦးကျော်ကျော်၏ နေအိမ်၌ ခေတ္တနေထိုင်ရန်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နေ့လည် ၁ နာရီအချိန်တွင် တက္ကနာဖ်ပ် မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ ရောက်ရှိထိန်းသိမ်းထားကြောင်းနှင့်တရားဝင်လွှဲပြောင်းပေးနိုင်ရေး နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲချိန်ခန့်တွင် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်၌ ကော့ဘဇားမြို့ အခြေစိုက် အမှတ် (၃၄) BGB တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးမှ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံသို့လာရောက် လွှဲပြောင်းအပ်နှံခဲ့သည်။

နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များမှ စနစ်တကျလွှဲပြောင်းလက်ခံမှုများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင်လွှဲပြောင်းလက်ခံမှုပြီးစီးခဲ့ပြီး မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးသည် ဆရာနှင့် ဆရာမတို့နှစ်ဦးအား မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်၍ ချစ်ကြည်ရေးတံတားမှ ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၅၈ မိနစ်တွင် သက်ဆိုင်ရာဌာနရှိ ဘေးကင်းလုံခြုံရာနေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ကို ရန်ကုန်စီးတီးအသင်း (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း အသင်းက အတည်ပြုထုတ်ပြန်လိုက်သည်။ အသက် (၂၆) နှစ်အရွယ် အရပ် (၅) ပေ (၇) လက်မရှိ မြတ်ကောင်းခန့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ဇာတိဖြစ်ပြီး ပုသိမ်အကယ်ဒမီနှင့် မန္တလေးအကယ်ဒမီတို့တွင် (၄) နှစ်ကြာ ဘောလုံးအခြေခံပညာများကို စနစ်တကျ သင်ယူခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရတနာပုံအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည်။ မြတ်ကောင်းခန့်သည် မြန်မာ့လက်ရွေး စင် သက်တမ်းအလိုက်အသင်းများတွင်...

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို တရုတ်နိုင်ငံ Unitree ကုမ္ပဏီက ထုတ်ဖော်ပြသ

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သိပ္ပံစိတ်ကူးယဉ် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အင်ဂျင်နီယာလောကအကြား နယ်နိမိတ်မျဉ်းမှာ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီ ဖြစ်သည်။ အနာဂတ်နောက်ခံ ရုပ်ရှင်နမူနာတစ်ခုအတွင်းမှ မြင်ကွင်းကဲ့သို့ပင် Unitree Robotics ကုမ္ပဏီ၏ စီအီးအို ဝမ်ရှင်းရှင်း(Wang Xingxing) သည် အမြောက်အမြား ထုတ်လုပ်ရန် အသင့်ဖြစ်နေသည့် ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်သော စက်ရုပ်အဖြစ်...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာနေသည်။ ဤခရီးစဉ်သည် လွန်ခဲ့သော ကိုးနှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ အပြောင်းအလဲမြန်သည့် အခြေအနေများရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော နှစ်နိုင်ငံဆက်ဆံရေး ကို ပြန်လည်သုံးသပ်ချက်များအရ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများသည် အမြဲတစေ အကျိုးပြုခဲ့သည်။ ၎င်းသည် အစားထိုးမရနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071