အဆိုပါ ရန်ပယ်ချောင်းကူး ရထားလမ်းတံတားသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးဆင်းရာမှ ရေလယ်တိုင်များ နိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရေလယ်တိုင်အမှတ် (၂) နှင့် (၃) တို့အား စက်ဂျက်များဖြင့် မတင်ခြင်း၊ ရေစီးကြောင်း လမ်းကြောင်းပြောင်းလဲရေးအတွက် ရေကာတားများ ပြုလုပ်ခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတ်မှတ်ချိန်အတွင်း ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် တံတားပြုပြင်ခြင်းနှင့်အတူ သံလမ်းခင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားပြုပြင်နေသည့် ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်-ပျဉ်းမနား-တောင်တွင်းကြီးမှတစ်ဆင့် ပုဂံသို့ လမ်းကြောင်းပြောင်းလဲ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
