မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေး ရွာအနီး ပြည်-ပုဂံသွားရထားလမ်းပိုင်းပေါ်ရှိ တံတားအမှတ်(၃၄၃) ရန်ပယ်ချောင်းကူးရထားလမ်းတံတား၏ အလယ်တိုင် အမှတ် (၂)နှင့် အမှတ်(၃)တို့သည် စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းပြီးရေ တိုက်စားမှုကြောင့် နိမ့်ဆင်းသွားခဲ့သည်။
ထို့ကြောင့် ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးအောင်မြိုင်နှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး ရထားခရီးစဥ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် တံတားပြန်လည်ပြုပြင်မည့် လုပ်ငန်းအစီအစဥ်များအား အမြန်ဆုံးပြန်လည်ဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရန် လူအင်အား၊ စက်ယန္တယားအင်အားများကို စနစ်တကျ စုဖွဲ့အသုံးပြု၍ ရထားများပြန်လည်ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
