Monday, May 25, 2026

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇...

ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်ခရိုင်တို့တွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ယင်းမာပင်ခရိုင်များတွင် ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘုတလင်မြို့နယ်တွင် လာမည့်ဇွန်လပထမပါတ်မှ စတင်၍...
HomeNewsLocal Newsပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပြီးနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော်...

ပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပြီးနောက် ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံး

ယနေ့ မတ်လ ၃၁ရက်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် အမည်စာရင်းတင်သွင်းထားသည့် ဒုတိယသမ္မတလောင်း (၂) ဦးအား ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရာ ဆန္ဒမဲလက်မှတ် ၂၆၀ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆန္ဒမဲ ၂၄၇ မဲ ၊ ဒေါက်တာကျော်ဆွေမှ ဆန္ဒမဲ ၁၀ မဲ၊ ပယ်မဲ ၃ မဲဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်‌မြှောက်ခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြမည် ဖြစ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး ‌ေ-သဆုံး (၄) ဦး ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ပါသော ကိုယ်ပိုင်ယာဥ်သည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက်တိမ်းမှောက်ခဲ့သဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမိရ) ဒ-ဏ်ရာများရရှိခဲ့၍...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။ မကွေးတိုင်း၊ စလင်းမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က (၂)တွင်လည်း ကျောင်းအပ်နှံခြင်း ပထမရက်၌ ကျောင်းသား/သူများကျောင်းအပ်ရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် စလင်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၃၁) ကျောင်းတွင်လည်း သတ်မှတ်အတန်းအလိုက် နိုင်ငံတော်ကအခဲ့ထောက်ပံ့ပေးထားသော ကျောင်းသုံးပုံ နှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။

ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများခေါ်ယူလျက်ရှိသည်။ လျှောက်ထားသူများသည် အကြားအာရုံချို့ယွင်းအား နည်းသူ၊ အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူ၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပ ညာများကိုသင်ယူလိုစိတ်ရှိသူ၊ အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည် ဖြစ်သည်။ အဆိုပါ ကျောင်းများသို့ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေးလျှောက်ထားနိုင်ကာ ကျောင်းအပ်နှံပါက မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071