Monday, September 14, 2026

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online...

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉...

ကမ္ဘာ့အဆင့် (၁၉) တောင်ကိုရီးယားနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရမည့်...

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) ပွဲဦးထွက်ပွဲစဉ်အဖြစ် အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် (၁၉)...

နတ်စင်တရာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စက်တင်ဘာ ၂၇...

အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ‌၊...
HomeNewsLocal Newsပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ နစက...

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ နစက စတင်ဖွဲ့စည်း

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းခြင်းအတွက် နစကအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုး၍ ယခု ဩဂုတ်လ (၁၆)ရက်တွင် အမိန့်ကြေညာစာအမှတ် (၁၅၁/၂ ၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး၊ အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ကွပ်ကဲစေခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းများ ပါဝင်သည်။

ယင်းအပြင် ဆင်နွှဲနေသည့် တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာများ အချိန်မီလုံလောက်စွာ ပြည့်တင်းပေးနိုင်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများ ပြင်ဆင်စီစဉ်ခြင်း၊ ထိရောက်စွာတိုက်ပွဲဝင်နိုင်ရေး အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများ လေ့ကျင့်ပေးခြင်း၊ တပ်ဖွဲ့ဝင်များအား နောက်ပိုင်းနယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများအတွက် ထောက်ပံ့ရေး၊ ဆက်သွယ်ရေးနှင့် ဒဏ်ရာရလူနာများ ရွှေ့ထုတ်ရေး ကယ်ဆယ်ရေးတာဝန်များထမ်းဆောင်နိုင်ရန် လေ့ကျင့်ပေးခြင်းများကိုလည်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့က ဆောင်ရွက်သွားရမည်ဟု အမိန့်ကြေညာချက်အတွင်း ပါရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်နှင့် မန္တလေးတွင်ဖမ်းမိ

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online လောင်းကစားဂိမ်းများအား အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များကိုဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်လေဆိပ်၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် (၃)ဦးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အတူ...

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉ မိနစ်ခန့်တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားနေသည့်နေရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက် ငြိမ်းသတ်ခဲ့ကာ ၈ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၁၉) တောင်ကိုရီးယားနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ရမည့် မြန်မာအမျိုးသမီးဘောလုံးအသင်း

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) ပွဲဦးထွက်ပွဲစဉ်အဖြစ် အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် (၁၉) တွင် ရပ်တည်နေပြီး မြန်မာအမျိုးသမီးအသင်းမှာ ကမ္ဘာ့အဆင့် (၅၅)တွင် ရပ် တည်နေသည်။ အုပ်စု (F) တွင် မြန်မာအသင်းနှင့်အတူ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်း၏ အာရှအား ကစားပြိုင်ပွဲ ပွဲစဉ်များကို မည်သည့်ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ကို လက်ရှိအချိန်အထိ ထုတ် ပြန်ကြေညာထားခြင်း မရှိသေးပေ။ အုပ်စုပွဲစဉ်များကို Osaka မြို့ရှိ Nagai...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071