ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာသက်သက်ခိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ (၁/၂၀၂ ၅) သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မေလ (၁၁) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို နံနက် (၉) နာရီမှ နေ့လယ် (၁) နာရီအထိ ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ ၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပထမပိုင်းအနေဖြင့် ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူလူထုကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏ လိုအပ်ချက်နှင့် မျှော်လင့်ချက်များနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
ထို့ပြင် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဇော်ဝင်းသန့်က တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ကိုအောင်ရဲထွန်းက လူငယ်ထု၏ လိုအပ်ချက်နှင့် မျှော်လင့်ချက်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်ပါတီဝင် မရှင်လင်းလက်က ယနေ့လူငယ်များ၏ ကိုယ်တွေ့ဖြစ်ရပ်များကို မျှဝေခြင်း စသဖြင့် အစီအစဉ်များအရ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။