ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌မီးပွိုင့်မရှိသော လမ်းဆုံများတွင် ယာဉ်ထိန်းရဲများ ပုံမှန်ရှိမနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ထိန်းမနိုင်သိမ်းမရ ဖြစ်လေ့ရှိသည်။
အဆိုပါလမ်းဆုံများတွင် ယာဉ်ကြောပိတ်ဆို့မှုသည် နာရီပေါင်းများစွာကြာလေ့ရှိပြီးယာဥ်မောင်းများကလည်း ပရမ်းပတာ မောင်းကြသည်။
အထူးသဖြင့် ကိုယ်ပိုင်ကားများနှင့် မော်တော်ဆိုင်ကယ်များ များပြားလာခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ဖနွမ်းပင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ သိသိသာသာ ဆိုးရွားလာခဲ့သည်။ သို့သော်လည်း ညီညီညွတ်ညွတ် လမ်းစည်းကမ်း လိုက်နာမှု မရှိခြင်းက အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။
ယာဉ်မောင်းအများစုသည် လူကူးမျဉ်းကြားများကိုပင် လျစ်လျူရှုကြသည်။
အချို့နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှု နာရီနှင့်ချီ၍ ဖြစ်နေသောကြောင့်ဒေသခံစေတနာ့ဝန်ထမ်းများ ၊တက္ကစီယာဉ်မောင်းများ ရံဖန်ရံခါ ဝင်ရောက်ကူညီကြရသည်။၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ရေရှည်အတွက် အဖြေမဟုတ်ပေ။
ယာဉ်ရပ်နားခွင့်မပေးထားသော လမ်းဘေးတွင် ရပ်ထားသော ယာဉ်များကြောင့်အခြေအနေမှာ ပိုမိုဆိုးလာခြင်းဖြစ်သည်။ရပ်ထားသောကားများကြောင့်လမ်းနေရာကျဉ်းစေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေသည်။
ပြည်သူ့ရေးရာဝန်ဆောင်မှုကိုပေးမည်ဟုဂတိပြုထားသော အစိုးရဝန်ထမ်းများက ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
Ref:khmertimeskh
