ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်း၊ အေ၀မ်းကားမှတ်တိုင်အနီးတွင် ယမန်နေ့ ညပိုင်းက ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
ယမန်နေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ အရှိန်လွန် ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင််းနှင်သူ အသက် (၄၀) အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
” ကားက ဓာတ်တိုင်ကိုတိုက်ပြီး အရှိန်လွန်တိန်းမှောက်ခဲ့တာဖြစ်ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းနှင်သူ အမျိုးသမီးတစ်ဦးပဲပါပါတယ်။ ကားက ပက်လက်လန် တိမ်မှောက်သွားလို့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားပါတယ်၊ မစိုးရိမ်ရပါဘူး” ဟု “ရွှေရောင်သမိုင်း” မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီထွက်ခွါ၍ အဆိုပါထိခိုက်ဒဏ်ရာရရှိသူ အမျိူးသမီးအား လိုအပ်သည့်ကနဦး ပြုစုမှုများဆောင်ရွက်ပေးကာ မြောက်ဥက္ကလာပဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။




