Tuesday, June 24, 2025

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း...

အပစ်အခတ်ရပ်စဲရေး “အကောင်အထည်ဖော်နိုင်ခဲ့ပြီ” ဟု အီရန်နိုင်ငံပိုင်ရုပ်သံ...

အီရန်၏ ထိုးစစ်များစွာအပြီး အစ္စရေးလ်အပေါ် အပစ်အခတ်ရပ်စဲရေးကို "အကောင်အထည်ဖော်နိုင်ခဲ့ပြီ" ဟု အီရန်နိုင်ငံပိုင်ရုပ်သံက ဒေသစံတော်ချိန် ၁၂:၀၉ တွင် ကြေညာလိုက်သည်။ အပစ်အခတ်ရပ်စဲရေး မစတင်မီ "နောက်ဆုံးဒုံးကျည်များ"...

ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ရိုးမရိပ်သာ တန်ဘိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော...
HomeNewsLocal Newsပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်...

ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို (၁၀) ရက်တိုင် စည်ကားစွာကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၇ ရက်အထိ (၁၀) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ပွဲတော်ကာလ (၁၀) ရက်တာအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲနှင့် ပွဲတော်ဈေးဆိုင်တန်းများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို နိုဝင်ဘာ ၈ ရက် နံနက် ၅ နာရီခွဲတွင် စတင်ဖွင့်လှစ်၍ ဩဝါဒါစရိယဆရာတော်ကြီး ၁၀ ပါး အပါအဝင် သံဃာတော် ၁၀၈ ပါးကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း ၄ ခု၌ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း၊ တရားတော်နာယူပွဲ ကျင်းပခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အစရှိသည့် ဗုဒ္ဓပူဇနိယ အခမ်းအနားများကို ပြုလုပ်သွားမည်ဖြစ်သည်။

ပွဲတော်ဒုတိယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပါယ်တော်မူသည့် စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ရောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီတွင် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ကျင်းပခြင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီတွင် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပခြင်းနှင့် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီတွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ် ၃ ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်သည်။

ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ နေ့စဉ်နံနက် ၅ နာရီခွဲမှ ည ၉ နာရီအထိ အပူဇော်ခံသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားထားသည်။

ပွဲတော်နောက်ဆုံးနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာ ကိန်းဝပ်စံပါယ်တော်မူမည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ပြီး ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၂ ရက်ကြာစစ်ပွဲ အပ-စ်ရပ်ရန်အစ္စရေး-အီရန်သဘောတူ–ထရမ့်ပ်

အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်‌တော့မည်ဖြစ်သည်။ ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ ၁၂ နာရီကြာ အပ-စ်ရပ်ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းအချိန်ဇုန် နံနက် ၁၂ နာရီခန့်တွင် အီရန်၌ စတင်မည်ဖြစ်သည်။ ထို့နောက် ဒုတိယမြောက် ၁၂ နာရီ အပ-စ်ရပ်စဲမှုကို အစ္စရေးက လိုက်နာမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုသည်။ ၂၄ နာရီ အပ-စ်ရပ်ပြီးနောက်တွင် စစ်ပွဲအဆုံးသ-တ်ကြောင်း တရားဝင်ကြေညာလိမ့်မည်ဟု ထရမ့်ပ်က ပြောကြားသည်။ “အရာရာတိုင်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း...

ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး မယ်ဆိုင်ချောင်း ရေထိန်းနံရံ စတင်တည်ဆောက်

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ယခုနှစ် ရေကြီးရေလျံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်း ကမ်းဘေးမြေသားတာဘောင် ရေထိန်းနံရံ တည်ဆောက်မှုကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရာ၌ ချောင်းအတွင်း ၁၅ ပေ၊ ကမ်းပေါ် ၁၅ ပေ၊ တာဘောင်အမြင့် ပေ ၃၀၊ တာဘောင်အရှည် ပေ ၁၆၃၀ တို့ကို စက်ယန္တယားများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မယ်ဆိုင်-မယ်ဟောက်ချောင်း သောင်တူးဖော်ခြင်းအတွက် နည်းပညာဆိုင်ရာပူးပေါင်းအဖွဲ့က ဦးဆောင်၍ နှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မယ်ဆိုင်-မယ်ဟောက်ချောင်းအတွင်း Meter Cubic (ကုဗမီတာ)၂၆၅,၂၅၅.၃၉ ရှိသည့်အနက်...

အပစ်အခတ်ရပ်စဲရေး “အကောင်အထည်ဖော်နိုင်ခဲ့ပြီ” ဟု အီရန်နိုင်ငံပိုင်ရုပ်သံ ကြေညာ

အီရန်၏ ထိုးစစ်များစွာအပြီး အစ္စရေးလ်အပေါ် အပစ်အခတ်ရပ်စဲရေးကို "အကောင်အထည်ဖော်နိုင်ခဲ့ပြီ" ဟု အီရန်နိုင်ငံပိုင်ရုပ်သံက ဒေသစံတော်ချိန် ၁၂:၀၉ တွင် ကြေညာလိုက်သည်။ အပစ်အခတ်ရပ်စဲရေး မစတင်မီ "နောက်ဆုံးဒုံးကျည်များ" ကို ပစ်ခတ်ခဲ့ကြောင်းကိုလည်းပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာတော့မည်ဖြစ်၍ အစ္စရေးလ်ဘက်သို့ "နောက်ဆုံးဒုံးကျည်များ" ကို အီရန်က ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ SNN က ဖော်ပြခဲ့သည်။ အစ္စရေးလ်ဖက်ကမူ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါ။ အီရန် နှင့် အစ္စရေး အပစ်အခတ်ရပ်စဲရေးသည် သူပြောခဲ့သလိုပင် ယခု အသက်ဝင်လာပြီဖြစ်ကြောင်း သမ္မတထရမ့်ကလည်း ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071