ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၆) သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလမှ ဇွန်လအထိ သုံးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၆၁၄,၇၀၅) တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၂၁၄) သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်တန်ချိန် (၃၂၉,၃၃၅) တန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် တန်ချိန် (၂၈၅,၃၆၉) တန် တင်ပို့ထားခြင်းဖြစ်သည်။
၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ရာ ဧပြီလတွင် တန်ချိန် (၁၄၂,၇၈၈) တန်၊ မေလတွင် တန်ချိန် (၂၅၉,၅၀၁) တန်နှင့် ဇွန်လတွင် (၂၁၂,၄၁၆) တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းတင်ပို့ရန် လျာထားပြီး ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် (၂ ဒသမ ၄၈၇) သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ဥရောပဈေးကွက်၊ တရုတ်ဈေးကွက်၊ အာဆီယံဈေးကွက်၊ အာဖရိကဈေးကွက်သို့ ကုမ္ပဏီ (၆၀)ဝန်းကျင်ခန့်က တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
