ယခုဘဏ္ဍာနှစ်၏ (၃)လတာ ကာလအတွင်း ပြည်ပသို့ ငါးသ လောက်တန်ချိန် (၁)သိန်းကျော်တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။





ငါးသလောက်ကို တရုတ်နိုင်ငံ အပါအဝင် အိန္ဒိယ၊ ထိုင်း၊ ဂျ ပန်၊ စင်ကာပူ၊ ယူအေအီးစသည့် နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငါးသလောက်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း (၄၀)ကျော်သို့ တင်ပို့နေပြီး တရုတ်၊ ထို င်း၊ အိန္ဒိယ တို့မှ အဓိကဝယ်ယူမှုရှိသလို အိန္ဒိယစျေးကွက်မှလည်း ယခုနောက်ပိုင်းတွင် ပိုမိုဝယ်ယူရန် တောင်းဆိုလာခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။
၂၀၂၂ ခုနှစ်မှ စတင်၍ ငါးသလောက် ထိန်းသိမ်းရေးဧရိယာများ ဖော်ထုတ်နေပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် သားပေါက်ဧရိယာ (၁၁) နေရာသတ်မှတ်၍ တစ်နှစ်ပတ်လုံး မဖမ်းဆီးရန် ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံမှ ပြည်ပတင်ပို့သော ရေထွက်ကုန်များတွင် အပါ အဝင်ဖြစ်သော ငါးသလောက်များကို ရေရှည်တည်တံ့စေကာ အစဉ်မပြတ်ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ငါးသလောက်များသားပေါက် သည့် နေရာများကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့်လုပ်ဆောင်လျက်ရှိရာ ဧရာ ၀တီတိုင်းဒေသကြီးအတွင်း တိုးမြစ်ကြောင်း၊ ဘိုကလေးမြ စ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်းလေးခုတွင် အစီ အစဉ်ချကာ ဆောင်ရွက်လျက်ရှိသည်။
ထိုမြစ်ကြောင်း(၄)ခုအတွင်း စက်တင်ဘာ (၁၅) ရက်မှ အော က်တိုဘာ (၁၅)ရက်အထိ ငါးသလောက် ဖမ်းဆီးခြင်းမပြုရ ကာလအဖြစ်သတ်မှတ်ကာ အသိပညာပေးခြင်း၊ သတိပေးတား မြစ်ခြင်းတို့ဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အကြားရှိ မင်းကြောင်းမြစ်အတွင်း ထိန်းသိမ်းရေးနေရာတ စ်ခု၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဆက်စပ်နယ်မြေဖြစ် သည့် စစ်တောင်းမြစ်ဝ (Ramsar Site)တွင် ရာသီအ လိုက် ငါးသလောက် ကာကွယ်ထိန်းသိမ်းရေး နေရာတစ်ခုနှင့် မွန်ပြည်နယ်ငါးဖမ်းကွက် အမှတ် D2 နှင့် D3 တွင် ရာသီအလိုက် ပိတ်ပင်တားမြစ်ထားခြင်းများဖြင့် ပြုလုပ်ထား လျ က်ရှိကြောင်း သိရသည်။
