Thursday, February 13, 2025

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...

ဇယ်လန်းစကီက ပူတင်နှင့် နယ်မြေဒေသလဲလှယ်ရန် ကမ်းလှမ်း

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁ ယူကရိန်းသမ္မတ ဗိုလော်ဒီမီ ဇလန်းစကီး သည် အကယ်၍အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သာ ရုရှားနှင့် ယူကရိန်းကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့...
HomeInternationalပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ဒိုဟာ၊ဇန်နဝါရီ ၃

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆက်သည် အစိုးရပြိုကွဲပြီးကတည်းက မော်စကို၌ ခိုလှုံနေခြင်းဖြစ်ကာ ယခုအခါ ၎င်းအား အဆိပ်ခတ်လုပ်ကြံခဲ့သည်ဟူသောသတင်းများလည်းထွက်ပေါ်လာခဲ့သည်။

The Sun သတင်းဌာန၏အဆိုအရ အသက် ၅၉ နှစ်အရွယ်ရှိ အာဆက်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်းအနေဖြင့် အသက်ရှူရခက်ခဲသည်ဟုငြီးငြူခဲ့ပြီး အပြင်းအထန်ချောင်းဆိုးကာ ရင်ကြပ်သလိုဖြစ်လာသည်ဟုသိရသည်။

၎င်း၏အခြေအနေသည် ရုတ်ချည်းဆိုသလိုဆိုးရွားလာသဖြင့် နေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူခဲ့ရပြီး ၎င်းခံစားရသည့်ဝေဒနာများတွင် ခေါင်းကိုက်ခြင်းနှင့်အစာအိမ်နာခြင်းများလည်းပါဝင်သည်ဟုသိရသည်။

ရုရှားထောက်လှမ်းရေးဟောင်းတစ်ဦးကဖွင့်ထားသည့် တယ်လီဂရမ်ချန်နယ်တစ်ခု၌မူ အာဆက်၏ကျန်းမာရေးစစ်ဆေးမှုရလဒ်များအရ အဆိပ်သင့်သည်ဟုစစ်ဆေးတွေ့ရှိရသည်ဟုဆိုထားပြီး လုပ်ကြံသတ်ဖြတ်ခြင်းမျိုးဖြစ်နိုင်သည်ဟုဆိုသော်လည်း ခိုင်မာသည့်သတင်းရင်းမြစ်များနှင့် ရုရှားအာဏာပိုင်များထံကအတည်ပြုထားခြင်းမျိုးမရှိသေးပေ။

မစ္စတာအာဆက်အား ၎င်းနေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူစေခဲ့ရာ တနင်္လာနေ့တွင် ပြန်လည်ပြီးထူထူထောင်ထောင်ဖြစ်လာကြောင်းသိရပြီး အဆိပ်သင့်မှုဖြစ်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Source : မော်ရိုကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ နေသည်ဟု မြင်မိပါက ဥရောပ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများကိုဒေသတွင်းစစ်ပွဲတွင် စစ်အင်အားသုံးရန် ရုရှားက ပိုမိုဆန္ဒရှိလိမ့်မည်" ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ အင်္ဂလိပ်-အမေရိကန် ကျောင်းတွင် သမိုင်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ကြောင်းလည်း CNN သတင်းဌာနကဖော်ပြခဲ့သည်။ ဖိုဂယ်လ်နှင့်၎င်း၏ဇနီးတို့ကို ၂၀၂၁ ခုနှစ်က နူးယော့ခ်မှရုရှားသို့အဝင်တွင် ခရီးဆောင်အိတ်အတွင်းမှမူ-းယစ်ဆေးများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။၎င်း၏ဇနီးကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုပါအမျိုးသမီးက နေအိမ်ရှိမူ-းယစ်ဆေးများကိုအချိန်မီဖယ်ရှားနိုင်ခဲ့သည်ဟုလည်းသိရသည်။ ၂၀၂၁ ခုနှစ်တွင်ဖမ်းမိပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံကြားဘက်စုံ အရေးပါသောမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ တရုတ်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့သည့် အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေးအတွက် မလေးရှားနိုင်ငံမှညှိနှိုင်းရေးမှူးနှင့်တွဲဖက်ကာ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်မည်ဟုလည်းသိရသည်။ တရုတ် - အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဌာနများကြား အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသည့် နှစ်စဉ်ပြုလုပ်‌နေကျယန္တရားတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ "ဒီဆွေးနွေးပွဲဟာ တရုတ်နဲ့အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာရရှိခဲ့တဲ့ အရေးကြီးတဲ့ ဘုံနားလည်မှု တွေကို အကောင်အထည်ဖော်ဖို့အတွက်ဆွေးနွေးမှုတွေ၊ဘက်စုံမိတ်ဖက်ဆက်ဆံရေးတိုးတက်ဖို့နဲ့ဒေသတွင်းသာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071