Thursday, August 6, 2026

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...
HomeInternationalပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ဒိုဟာ၊ဇန်နဝါရီ ၃

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆက်သည် အစိုးရပြိုကွဲပြီးကတည်းက မော်စကို၌ ခိုလှုံနေခြင်းဖြစ်ကာ ယခုအခါ ၎င်းအား အဆိပ်ခတ်လုပ်ကြံခဲ့သည်ဟူသောသတင်းများလည်းထွက်ပေါ်လာခဲ့သည်။

The Sun သတင်းဌာန၏အဆိုအရ အသက် ၅၉ နှစ်အရွယ်ရှိ အာဆက်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်းအနေဖြင့် အသက်ရှူရခက်ခဲသည်ဟုငြီးငြူခဲ့ပြီး အပြင်းအထန်ချောင်းဆိုးကာ ရင်ကြပ်သလိုဖြစ်လာသည်ဟုသိရသည်။

၎င်း၏အခြေအနေသည် ရုတ်ချည်းဆိုသလိုဆိုးရွားလာသဖြင့် နေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူခဲ့ရပြီး ၎င်းခံစားရသည့်ဝေဒနာများတွင် ခေါင်းကိုက်ခြင်းနှင့်အစာအိမ်နာခြင်းများလည်းပါဝင်သည်ဟုသိရသည်။

ရုရှားထောက်လှမ်းရေးဟောင်းတစ်ဦးကဖွင့်ထားသည့် တယ်လီဂရမ်ချန်နယ်တစ်ခု၌မူ အာဆက်၏ကျန်းမာရေးစစ်ဆေးမှုရလဒ်များအရ အဆိပ်သင့်သည်ဟုစစ်ဆေးတွေ့ရှိရသည်ဟုဆိုထားပြီး လုပ်ကြံသတ်ဖြတ်ခြင်းမျိုးဖြစ်နိုင်သည်ဟုဆိုသော်လည်း ခိုင်မာသည့်သတင်းရင်းမြစ်များနှင့် ရုရှားအာဏာပိုင်များထံကအတည်ပြုထားခြင်းမျိုးမရှိသေးပေ။

မစ္စတာအာဆက်အား ၎င်းနေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူစေခဲ့ရာ တနင်္လာနေ့တွင် ပြန်လည်ပြီးထူထူထောင်ထောင်ဖြစ်လာကြောင်းသိရပြီး အဆိပ်သင့်မှုဖြစ်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Source : မော်ရိုကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဖိတ်ခေါ်

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတက ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၏ Plenary Hall ၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် မိန့်ခွန်းပြောကြားစဉ် ယင်းသို့...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို မီးသတ်တပ်ဖွဲ့က ရေဘေးလွတ်ရာရွှေ့ ပြောင်းပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ဆပါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများက ည ၆ နာရီ ၄၅ မိနစ်ခန်မှစတင်ကာ ရေဝင်ရောက်နေသည့်နေအိမ်များတွင်နေထိုင်သူများအား ရေဘေးလွတ်ကင်းသော နီးစပ်ရာဆွေမျိုးများအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ယနေ့ သြဂုတ် ၆ ရက်ညပိုင်းတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။ ဂုဏ်ပြုညစာမသုံးဆောင်မှီနှင့် ဂုဏ်ပြုညစာသုံးဆောင်နေချိန်တို့တွင် ထိုင်းနိုင်ငံ ယဥ်ကျေးမှုအဖွဲ့များက သီဆိုဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071