Wednesday, July 9, 2025

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို...

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။ ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို...

မြန်မာ-ရုရှား မိခင်နှင့် ကလေးေ-သဆုံးမှုလျော့ နည်းစေရေးနည်းလမ်းများဆိုင်ရာ...

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိခင်နှင့် ကလေးေ-သဆုံးမှုလျော့နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲအား ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌စတင်ကျင်းပလျက်ရှိသည်။ နှီးနှောဖလှယ်ပွဲတွင် ရုရှားနိုင်ငံ၊...
HomeNewsLocal Newsပြည်ပမှ စားအုန်းဆီ တင်သွင်းမှုလျှော့ချနိုင်ရေး...

ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုလျှော့ချနိုင်ရေး နေကြာဆီထုတ်လုပ်မည့် စက်ရုံများအား ချေးငွေထုတ်ချေးရန်စီစဉ်နေ

ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုလျှော့ချနိုင်ရေး နေကြာဆီထုတ်လုပ်မည့် စက်ရုံများအား ချေးငွေထုတ်ချေးရန်စီစဉ်နေ

ပြည်ပမှ စားအုန်းဆီ တင်သွင်းမှု လျှော့ချနိုင်ရန် ပြည် တွင်း ထုတ်လုပ်မှုကို တိုးမြှင့်ရမည်ဖြစ်သည့်အတွက် နေ ကြာဆီ ထုတ်လုပ်မည့် ကုမ္ပဏီများကို ချေးငွေ ထုတ်ချေးပေးရန် စီစဉ်နေကြောင်း စီးပွားကူးသန်းဝန်ကြီး ဒေါက် တာပွင့်ဆန်းက ပြောသည်။

ဇူလိုင်လ (၉) ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင်  စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။


“ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်း ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးပြည့်မီသော စားအုန်းဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအ တွက်လည်း အရေးကြီးပါတယ်။ ယခုအချိန်မှာ ပြည် တွင်း၌ နေကြာစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ဆောင် ရွက်နေတဲ့အတွက် အရည်အသွေးပြည့်မီတဲ့ နေကြာဆီ ထုတ်လုပ်တဲ့ စက်ရုံများ ပေါ်ပေါက်လာစေရေး ချေးငွေများ ပေးအပ်နိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒေါက်တာ ပွင့်ဆန်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ စားအုန်းဆီကြမ်း ထုတ်လုပ်လျက်ရှိရာ အဆင့်မြင့်စားအုန်းဆီ ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများကို စ နစ်တကျ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချ နိုင်ရေးအတွက် ထိန်း ကျောင်းဆောင်ရွက်လျက်ရှိရာ စားအုန်းဆီတင်သွင်းသူ များအနေဖြင့်လည်း ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျည်း စည်းကမ်းများနှင့်အညီ တင်သွင်းဖြန့်ဖြူး ရောင်းချသွားရန်လည်း ဝန်ကြီးက မှာကြားခဲ့သည်။

ထို့အပြင် လာမည့် ဘဏ္ဍာနှစ်မှစ၍ ဈေးကွက်သို့ ဆီပေ ပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူး ရောင်းချသွားရန် လုပ်ငန်းရှင်များကို အ သိပေး နှိုးဆော်ထားပြီး ဖြစ်သည့်အတွက် ကြိုတင်ပြင် ဆင် ဆောင် ရွက်ကြရန်လည်း အသိပေး ပြောကြားခဲ့သည်။

ယင်းကဲ့သို့ Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်း ချရာတွင် သက်ဆိုင်ရာဌာနများက ညွှန်ကြားထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြရမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ် (၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၂ ရက်နေ့လည် ၃ နာရီက ကျောက်ဆည်နှင့်မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မိုင်းရယ်ဘက်မှ မန္တလေးဘက်သို့ သန်းအောင်စိုး(ခ)မျောက်ကြီးမောင်းကာ ဝိုင်ခန့် လိုက်လာသည့် NISSAN DIESEL (၆)ဘီးကားကို ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ(၁၄၈ ဒသမ...

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် အစီစဥ်တင်ဆက်သူက "ဟွန်ဆန်နဲ့ ညီအစ်ကိုဖြစ်​နေဆဲပဲလား" ဟု မေးမြန်းခဲ့သည်။ သက်ဆင်က "ကျွန်​တော်တို့ အရင်က ဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါစို့။ သူက ငါ့သမီးကို ဒီလောက်အထိ နာကျင်စေခဲ့တာ၊ ဒီလိုမျိုးဖြစ်သွား နိုင်တာကို ငါထိတ်လန့် တုန်လှုပ်သွားတယ်" ဟု ပြောကြားခဲ့သည်။ သက်ဆင်၏သမီးဖြစ်သူဝန်ကြီးချုပ် ​ပေတုံတန်နှင့်ဟွန်ဆန်တို့ ဖုန်းစကားပြောဆိုသည့်အသံဖိုင်ထွက်​ပေါ်လာပြီးနောက်ပိုင်း​ပေတုံတန်ကိုအ​ခြေခံဥပ​ဒေခုံရုံးက ရာထူးမှ ဆိုင်းငံ့လိုက်သည့်ဖြစ်ရပ်ကို ဖခင်တစ်​ယောက်အ​နေဖြင့် ခံရခက်မည်မှာအမှန်ပင်။ သက်ဆင်ကဆက်လက်၍...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။ ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များက ရင်ပြင်တော်တစ်ပတ်လက်ယာ ရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရား၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန် ဆောင်းမုခ်(၄)မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့အတူ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်(ဓမ္မစကြာအခါတော်နေ့)ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071