Tuesday, May 20, 2025

မြဝတီရှိ ကျားဖျန့်ဂိုဏ်များမှ ထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသား...

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဧရိယာအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရှားနိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား(၃၁)ဦးကို ယနေ့ မေ (၂၀) ရက်‌၌...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့်...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား ယနေ့မေလ(၂၀)ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း...

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့်...

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊...

ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့...

ငလျင်ဘေးသင့် ဒေသများကို ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအဖွဲ့ကို တရုတ်အစိုးရမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင်...
HomeMoviesပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများ OWIC...

ပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများ OWIC လျှောက်ထားရာတွင် စာရွက်စာတမ်းအတုများဖြင့် လျှောက်ထားလာပါက ပွဲစား၊ အေဂျင်စီနှင့် အလုပ်သမားကိုပါ အရေးယူမည်ဟုဆို

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဖေဖေါ်ဝါရီ (၂၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ် ကိုင်သူများမှ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက ရုံးဖွင့်ရက် (၂) ရက်မှ (၃)ရက်အတွင်း အမြန်စိစစ်ခွင့်ပြုပေးနေကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ စိစစ်ခွင့်ပြုလျက်ရှိသော်လည်း ပွဲစားများ၊  ပြ ည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက အထက်ပါလုပ်ငန်းများနှင့်ပတ်သက်၍  ဝန်ဆော င်မှု‌ ပေးကြောင်း Facebook group များမှတဆင့်ကြော် ငြာပြီး ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ကောက်ခံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပွဲစားများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ဦးစီးဌာနသို့ အလုပ်လုပကိုင်ခွင့်ပါမစ်အတု၊ ဗီဇာအတု၊ လေဆိပ်အဝင်တုံးအတု၊ အ လုပ်ရှင်ခွင့်စာအတု၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင် တန်းဆင်း လက်မှတ်အတု၊ ဘွဲ့လက်မှတ်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်အတုတွေဖြင့် တင်ပြခြင်း၊ လူတစ်ယောက်တည်းက လက်ရေးမူ တစ်ခုတည်းဖြင့် ရေးသားတင်ပြခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ဆိုသည်။ 

အဆိုပါ စာရွက်စာတမ်းအတုတွေဖြင့် တင်ပြလျှောက် ထားသည့် ပွဲစား၊ အေဂျင်စီတွေအပြင် အလုပ်အပ်သည့်သူများကိုပါ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ စိစစ်အရေးယူသွားမည်ဖြစ်သည့်အတွက် ကြောင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ပြုလုပ်ခွင့်လျှာက်ထားရာတွင် ပွဲစား၊ အေဂျင်စီတွေကို အလုပ်မအပ်ဘဲ ကိုယ်တိုင်တင်ပြလျှောက်ထားကြရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီရှိ ကျားဖျန့်ဂိုဏ်များမှ ထိန်းသိမ်းထားသည့် ရုရှားနိုင်ငံသား အပါအဝင် နိုင်ငံခြားသား (၃၁)ဦးအား ထိုင်းဘက်သို့ပြန်လွှဲ

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဧရိယာအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရှားနိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား(၃၁)ဦးကို ယနေ့ မေ (၂၀) ရက်‌၌ မြဝတီခရိုင် လူဝင်မှု ကြီးကြပ်ရေးရုံးက ထိုင်းနိုင်ငံအခြေစိုက် သက်ဆိုင်ရာသံရုံးများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ကျား (၆) ဦး၊ မ (၆)ဦး၊ အိန္ဒိယနိုင်ငံသား ကျား(၉) ဦး၊ မ (၁) ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ကျား (၄) ဦး၊ မ (၃)ဦး ၊...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် ကျောင်းတော်အား ရှင်းလင်းမှုများ စတင်လုပ်ဆောင်

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေတွင် တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား ယနေ့မေလ(၂၀)ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းမှုများလုပ်ဆောင်ရာ၌ သိမ်တော်ကြီး အပါအဝင် သံဃာသီတင်း သုံးဆောင်(၃)ဆောင်ကို ရှင်းလင်းလျက်ရှိပြီး အခြားအဆောင်များအား အတွေ့အကြုံရှိ အင်ဂျင်နီယာများက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ ကူညီဆောင်ရွက်မှုအား TSBM အဖွဲ့က လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး၊ ယင်းလင်းရှင်းမှုများလုပ်ဆောင် မေလ (၁၈) ရက်မှစတင်၍ မန္တလေးမြို့မှ မင်းကွန်းတောင်ရိုးသို့ စက်ယန္တယားများဖြင့် ‌ထွက်ခွာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်က စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပက စစ်ကိုထောက်ခံနေသည့် ထူးဆန်းသော ကမ္ဘာ့အခြေအနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးသည် အလွန်ထူးဆန်းသောအခြေအနေသို့ ရောက်ရှိနေပြီး အမေရိကန်နိုင်ငံက စစ်ကိုဆန့်ကျင်နေချိန်တွင် ဥရောပဘက်မှမူ စစ်ကို အပြည့်အဝထောက်ခံနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကနေဒီစင်တာတွင် ပြောကြားခဲ့သည်။ "လူတွေကို ကျွန်တော်ပြောပါတယ်၊ ငါတို့မှာ ငြိမ်းချမ်းရေးသမ္မတ (ဒေါ်နယ်ထရမ့်) ရှိတယ်။ <…> တကယ်တော့ ပုပ်ရဟန်းမင်းကြီး (လီယို ၁၄)ရဲ့ မစ္ဆားတရားပွဲ မဟောမီနေ့က ကျွန်တော်တွေ့ဆုံခဲ့တဲ့ အသင်းတော်ဂိုဏ်းအုပ် တစ်ဦးက 'ဒါကကျွန်တော်တို့အတွက် အလွန်ထူးဆန်းတယ်။ အမေရိကန်သမ္မတက ငြိမ်းချမ်းရေးကိုလိုလားနေပြီး ဥရောပသားအချို့က စစ်တိုက်ရေးအကြောင်းကို အဆက်မပြတ်ပြောနေကြတယ်' လို့ပြောခဲ့တယ်။ ဒါကြောင့် သူတို့စိတ်ထဲမှာ ကမ္ဘာကြီးဟာ အခုအချိန်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071