Sunday, June 14, 2026

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...
HomeNewsLocal Newsပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့်...

ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် ခွံပျော့ကဏန်း မွေးမြူခြင်းလုပ်ငန်း အောင်မြင်နေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြိုနယ်တွင် အခွံပျော့ကဏန်းများ စီးပွားဖြစ်မွေးမြူကာ ပြည်ပဈေးကွက်သို့ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း လက်ရှိလုပ်ငန်းအောင်မြင်နေသည့် GW NINE FIVE(SSC CRAB)မှ Operations Manager ဦးသန်းဇော်ဦးထံက နိုင်ငံပိုင်သတင်းဌာနမှ တဆင့် ပြောကြားထားသည်။

ယင်းကဲ့သို့ ကဏန်းမွေးမြူရာတွင် ရွှံကဏန်းအခွံမာများအား ကန်များအတွင်း ခြင်းများဖြင့်ထည့်၍ အခွံပျော့ကဏန်း ဖြစ်သည်အထိ မွေးမြူထားရှိပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ကာကန်များ တူးဖော်လုပ်ကိုင်ခဲ့ပြီး စက်တင်ဘာလတွင် ကဏန်းစထည့်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးကဆိုသည်။

100 kg အောက် ရွှံကဏန်း အခွံမာများကို ဝယ်ယူပြီး အခွံပျော့ ကဏန်းဖြစ်သည်အထိ မွေးမြူခြင်း လုပ်ငန်းကို လုပ်ကိုင်ရပြီး ကဏန်းပျော့များ ရရှိလာပါက အောက်ဆီဂျင်ပေးပြီး ရန်ကုန်မြို့ရှိ အအေးခန်းစက်ရုံများသို့ နေ့စဉ်တင်ပို့‌နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ တင်ပို့ထားသည့် ခွံပျော့ကဏန်းများကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ကုမ္ပဏီများမှတဆင့် ပြည်ပနိုင်ငံများသို Exports ဆက်လက်တင်ပို့ကြခြင်းဖြစ်ပြီး နောင်နှစ်များတွင် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ကာ ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

အဆိုပါ GW NINE FIVE (SSC CRAB) လုပ်ငန်းနှင့် ပတ်သက်၍ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှလည်း လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကစတင်ကာ လုပ်ငန်းအောင်မြင်မှုရရှိစေရန် ကူညီပေးလျက်ရှိကြောင်းလည်း သိရသည်။

ကဏန်းပျော့ မွေးမြူခြင်း လုပ်ငန်းအဆင့်ဆင့်မှာ ကန်ပြုပြင်ခြင်း၊ တံတားများဆောက်ခြင်း ၊ ဖောင်များပြင်ပြီးလျှင်ကန်ထဲသို့ ရေသွင်း ရေထုတ်ပြုလုပ်ကာ ကန်သန့်ရှင်းရေးလုပ်ခြင်း၊ ရေပြန်ထည့်ခြင်း ၊ ကဏန်းထည့်ခြင်းတို့ လုပ်ဆောင်ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ၊ တနင်္သာရီကမ်းလွန်တွင် ၉၅ ထရီလီယံကုဗပေခန့်အထိ ထွက်ရှိနိုင်ခြေရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကမောင်းနှင်အားအဖြစ်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့် ဘော့စနီးယားတို့ တစ်ဂိုးစီ သရေကျ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ သရေကျသွားခဲ့ကြောင်း Daily Mail ၏ ဖော်ပြချက်အရ သိရသည်။ ​အဆိုပါပွဲစဉ်ကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ဇွန်လ (၁၂) ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၂၁)မိနစ်တွင် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းအတွက် ဦးဆောင်ဂိုးကို ဂျိုဗိုလူကစ်က ခေါင်းတိုက်ကာ သွင်းယူပေးခဲ့သည်။ ​ပထမပိုင်းတွင် ကနေဒါအသင်းအနေဖြင့် ဂိုးသွင်းခွင့်အချို့ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုနှင့် ဘော့စနီးယားအသင်း၏ ခိုင်မာသည့် ခံစစ်ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071