Monday, August 11, 2025

ကျားဦးရေ ကျဆင်းမှုကြောင့် တောင်ကိုရီးယားစစ်အင်အား ၂၀...

ကမ္ဘာ့ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွင် မဖြစ်မနေ စစ်မှုထမ်းရမည့်အသက်အရွယ် သို့ ရောက် ရှိသောအမျိုးသားဦးရေ သည်သိသိသာသာကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း တောင်ကိုရီးယား၏ စစ်အင်အားသည်...

မေလတိုက်ပွဲတွင်ပါကစ္စတန်စစ်လေယာဉ် ၆ စင်းကိုပစ်ချခဲ့–အိန္ဒိယ

         မေလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပါကစ္စတန် တိုက်လေယာဉ် ငါးစင်းနှင့် အခြားစစ်လေယာဉ်တစ်စင်းတို့ကို အိန္ဒိယက ပစ်ချခဲ့သည်ဟု အိန္ဒိယလေတပ်အကြီးအကဲက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံနှင့် အသေအပျောက်ရှိသော...

မြေမြုပ်မိုင်းထောင်သည်ဆိုသော ထိုင်း၏ စွပ်စွဲချက်ကိုက‌မ္ဘောဒီးယား ငြင်း

က‌မ္ဘောဒီးယားတပ်ဖွဲ့များသည် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းအသစ်များ ကိုထောင်ခဲ့ သောကြောင့် ထိုင်းစစ်သားတစ်ဦး ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး စစ်သားသုံးဦးကို ဒ-ဏ်ရာရရှိခဲ့သည်ဆိုသော ထိုင်းဘက်က စွပ်စွဲချက်များကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက...

သြဂုတ် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌...

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၁၀ ရက်မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ နောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တို့တွင်...
HomeNewsLocal Newsပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်...

ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော် ဝန်ကြီးချုပ်မှ အမြဲတမ်းအတွင်းဝန်အထိ (၃၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း

နစက မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ယနေ့ ဇန်နဝါရီ (၃၁) ရက်တွင် အမိန့်အမှတ် ၈/၂၀၂၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကာ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒု- ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၏ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းရှိန်သည် ဒု-ဝန် ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေသည် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့အဖြစ် တာဝန်ယူ သွားမည်ဖြစ်သည်။

ထို့အတူ ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဗိုလ် ချုပ်ကြီးမိုးအောင်၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်တင့်၊ ဦးအောင်ကျော်ဟိုး၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးဥာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးချစ်ဆွေ၊ ဦးထွန်းအုံ၊ဒေါက် တာညွှန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ Jeng Phang နော်တောင်၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်း၊ ဦးကျော်စိုးဝင်းနှင့် ဦးခွန်သန့်ဇော်ထူးတို့သည် ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမြဲတမ်းအတွင်းဝန်အဖြစ် ဦးဇော်သန်းသင်းမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျားဦးရေ ကျဆင်းမှုကြောင့် တောင်ကိုရီးယားစစ်အင်အား ၂၀ %ထိုးကျ

ကမ္ဘာ့ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွင် မဖြစ်မနေ စစ်မှုထမ်းရမည့်အသက်အရွယ် သို့ ရောက် ရှိသောအမျိုးသားဦးရေ သည်သိသိသာသာကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း တောင်ကိုရီးယား၏ စစ်အင်အားသည် ၂၀ ရာခိုင်နှုန်း ကျဆင်းကာ တပ်ဖွဲ့ဝင် ဦးရေသည် ၄၅၀,၀၀၀ သို့ရောက်ရှိသွားကြောင်း သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။ စစ်မှုထမ်းရန် အရွယ်ရောက် သော အမျိုးသားဦးရေ သိသိသာသာ ကျဆင်းလာခြင်းသည် အရာရှိအရေအတွက် ကိုလည်း နည်းပါးစေပြီး ယင်းကဲ့သို့ ဆက်လက်၍ ဖြစ်နေပါက စစ်ဆင်ရေးဆိုင်ရာ အခက်အခဲများကြုံတွေ့လာနိုင်သည်ဟု...

မေလတိုက်ပွဲတွင်ပါကစ္စတန်စစ်လေယာဉ် ၆ စင်းကိုပစ်ချခဲ့–အိန္ဒိယ

         မေလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပါကစ္စတန် တိုက်လေယာဉ် ငါးစင်းနှင့် အခြားစစ်လေယာဉ်တစ်စင်းတို့ကို အိန္ဒိယက ပစ်ချခဲ့သည်ဟု အိန္ဒိယလေတပ်အကြီးအကဲက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံနှင့် အသေအပျောက်ရှိသော ပဋိပက္ခပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယဘက်က ပထမဆုံးအကြိမ် ယင်းကဲ့သို့ ထုတ်ပြောကြားလိုက်ခြင်းဖြစ်သည်။          ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည့် ၎င်းတို့၏ တိုက်ပွဲအတွင်း အရေအတွက် အတိအကျမဖော်ပြထားသော ၎င်းတို့တိုက်လေယာဉ်များကိုလည်း ပါကစ္စတန်ဘက်က ပစ်ချခဲ့သည်ဟု ဆိုခြင်း ကို အိန္ဒိယစစ်တပ်က ဝန်ခံခဲ့ပြီးနောက် သီတင်းပတ်ချီအကြာ စနေနေ့တွင် လေတပ်ကာကွယ်‌ေရးဦးစီးချုပ် အေမာ ပရက်ဆင်းကသတင်း ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲများတွင် တိုက်လေယာဉ်များ၊...

မြေမြုပ်မိုင်းထောင်သည်ဆိုသော ထိုင်း၏ စွပ်စွဲချက်ကိုက‌မ္ဘောဒီးယား ငြင်း

က‌မ္ဘောဒီးယားတပ်ဖွဲ့များသည် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းအသစ်များ ကိုထောင်ခဲ့ သောကြောင့် ထိုင်းစစ်သားတစ်ဦး ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး စစ်သားသုံးဦးကို ဒ-ဏ်ရာရရှိခဲ့သည်ဆိုသော ထိုင်းဘက်က စွပ်စွဲချက်များကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ ယနေ့(သြဂုတ်လ ၁၀ ရက်နေ့)၌ ကျင်းပ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နီက စွပ်စွဲချက်များသည် အခြေအမြစ်မရှိဆိုကာ ပယ်ချသွားခဲ့သည်။ “ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့အတူ မိုင်းရှင်းလင်းရေးနဲ့ မြေမြုပ်မိုင်းဒဏ်ခံခဲ့ရသူများ အကူအညီပေးရေးအေဂျင်စီအားလုံးက ထိုင်းဘက်ခြမ်းမှ ဒီစွပ်စွဲချက်တွေကို ပယ်ချကာ ရှင်းချက်ထုတ်ထားပြီးပါပြီ” ဟု ၎င်းကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံက ရည်ညွှန်းသော ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့အထိ ယုံကြည်ရလောက်သော သို့မဟုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071