Wednesday, February 4, 2026

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ...

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက်...

တရုတ်ထိပ်တန်းသုတေသနပညာရှင် အမေရိကမှ တရုတ်သို့ပြန်လာ

ဖေဖေါ်ဝါရီ ၂ အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မျိုးဗီဇထိန်းညှိမှုဆိုင်ရာ ထိပ်တန်းသုတေသနပညာရှင် ဂေါင်ကျန့်ဟွာ သည် တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ အသစ်တည်ထောင်ထားသော တက္ကသိုလ်တစ်ခုသို့...
HomeNewsLocal Newsပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းပါဝင်မည်

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

“အဓိကတော့ နိုင်ငံတော်က MSME လုပ်ငန်းရှင်တွေကို ပြည်တွင်းပြည်ပ ဈေးကွက် အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်တာပါ။ ဒီပြပွဲနဲ့အတူ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှု၊ ပြည်ပဈေးကွက် ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေးအတွက် ချိတ်ဆက် မှုအပြင် သက်ဆိုင်ရာ အစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်း တွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုးတွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Marti AERON၊ Makro G and G စတဲ့ ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းကနေတစ်ဆင့် မျက်နှာချင်းဆိုင် တွေ့ဆုံပေးသွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက ပြောကြားသည်။

MSME လုပ်ငန်းရှင်များအနေဖြင့် ပြပွဲမှတစ်ဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် တစ်ဦးဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကား ရောင်းချသူများနှင့် အချင်းချင်းချိတ်ဆက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အချိတ်အဆက်များ ရရှိစေ ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ထို့အတူ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် ဝန်ကြီးဌာန ၉ ခုမှ MSME လုပ်ငန်းရှင်များအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ငန်းရှင်များ ပြည်ပ ဈေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်သည့် Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် MSME ထုတ်ကုန်များစွာ ပါဝင်ပြသ နိုင်ရေးနှင့် Online E-Commerce Platform မှတဆင့် MSME ထုတ်ကုန်များကို နိုင်ငံ တကာ ဝယ်လက်များသို့ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင် ၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲကျင်းပရန် ပြင်ဆင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-MOI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအားအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကာ သမိုင်းကြောင်းအရ နိုင်ငံ့ဝန်ထမ်းအချို့၏ စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြခြင်းသည် တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။ ထို့ပြင် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားပြီးဖြစ်ကာ ပုလဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ပါက Good Governance ၊Good Goverment မဖြစ်နိုင်ကြောင်း ၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့်...

မြန်မာ့အရေးဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ရန် ထိုင်း ‘အသင့်ဖြစ်နေ’

ဖေဖေါ်ဝါရီ ၃ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် ဖျန်ဖြေရေးမှူးအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်းကက်‌ကောင်းက မနေ့က နိုင်ငံတော်လုံခြုံရေးကောင်စီ (အန်အက်စ်စီ) အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို သုံးသပ်ရန်နှင့် မြန်မာအစိုးရအာဏာပိုင်များအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် နှစ်နိုင်ငံမျှဝေသုံးစွဲနေသည့် မြစ်ကြောင်းစနစ်များကို...

နှစ်ကူးကာလ၌ တရုတ်တွင် ကမ္ဘာတစ်ဝန်းမှခရီးသွားအများအပြားလာ

         တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက် နေ့တွင် ခရီးသွားကာလ သည် စတင်ခဲ့ပြီဖြစ်သည်။       တရုတ်ရာသီခွင်တွင် ယခု နှစ်သစ်ကူးသည်မြင်းနှစ်ကျရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် နေ့ သည် နှစ်သစ်ကူး ကျရောက်ပြီး တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ကိုးရက်ကြာ ရက်ရှည်အားလပ်ရက်တစ်ခုရှိလာမည်ဖြစ်သည်။       တရုတ်စားသုံးသူများစွာသည် တိုင်းပြည်၏ မရေရာသော စီးပွားရေးကြောင့် ငွေသုံးစွဲခြင်းထက် ငွေစုခြင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071