Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား...

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...
HomeMoviesပြည်ထောင်စုလွှတ်တော်က အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းဆိုင်ရာ...

ပြည်ထောင်စုလွှတ်တော်က အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းဆိုင်ရာ အဆိုအား အတည်ပြု

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တင်သွင်းထားသော နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) အရ အရေးပေါ်အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၂၆) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်းသည့် အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မြို့နယ် (၆၀) တွင် အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိနိုင်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆိုအပေါ် ယနေ့ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးခဲ့ကြသည်။

ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က အဆိုအား အတည်ပြုပေးရန် ထောက်ခံဆွေးနွေးခဲ့ပြီး၊ ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးလှမင်းကလည်း အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြိုဆိုထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ငါန်းဇွန်မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့်မှ ကင်းလွတ်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးရန် အကြံပြုခဲ့သည်။

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေကလည်း အဆိုကို ထောက်ခံဆွေးနွေးခဲ့ပြီး အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးခြင်းတို့သည် အုပ်ချုပ်ရေးယန္တရား ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး၊ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်နိုင်ရေး၊ ပြည်သူများ၏ လုံခြုံရေးကို အာမခံနိုင်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေခံအုတ်မြစ်များ ဖော်ဆောင်နိုင်ရေးတို့အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၅) ဦးထိန်လင်းကလည်း အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်သည် ပြည်သူလူထုအား ကန့်သတ်ပိတ်ပင်ရန်မဟုတ်ဘဲ ရေရှည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၆) နှင့် အမိန့်အမှတ် (၂/၂၀၂၆) အပြင် ယင်းအမိန့်များ၏ အာဏာတည်တံ့မှု အချိန်ကာလသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိခဲ့သဖြင့် အဆိုပါ အမိန့်များနှင့် အချိန်ကာလသတ်မှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ်လှုပ်ခဲ့

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ​ဒီအဖွဲ့အစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက်...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071