Friday, September 11, 2026

စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားရေး...

နေပြည်တော်၊ စက်တင်ဘာ ၁၁ မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအခြေပြု တောင်သူတစ်ပိုင်တစ်နိုင် နည်းလမ်းများနှင့် စီးပွားဖြစ် ဇီဝမီးသွေး (Biochar) ထုတ်လုပ်သည့် နည်းလမ်းများဖြင့် စပါးခွံမီးသွေး...

မူးယစ်အမှုဖြင့် ထိုင်းနိုင်ငံက အလိုရှိသည့် တရားခံပြေး...

တာချီလိတ်၊ စက်တင်ဘာ ၁၁ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံက အလိုရှိတရားခံပြေး ၃ ဦးကို မြန်မာနိုင်ငံအတွင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့...

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က...
HomeNewsLocal Newsပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်မည်

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ မြေနေရာအချို့နှင့် အဆောက်အအုံများကို နှစ်တို၊ နှစ်ရှည် ငှားရမ်း၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြခြင်း (Expression of Interest – EOI) လျှောက်ထားလိုသူများအား ဖိတ်ခေါ်ရှင်းလင်းခဲ့သည်။

ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် အများပြည်သူအတွက် အကျိုးရှိစေမည့် လုပ်ငန်းအဆိုပြုချက်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့သည်။

တက်ရောက်လာသည့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ကုမ္ပဏီတာဝန်ရှိသူများကလည်း ကျေးရွာအတွင်း အများပြည်သူ စိတ်ဝင်စားမှု ပိုမိုရရှိလာစေရန်နှင့် စိတ်ချမ်းမြေ့စွာ လာရောက်အပန်းဖြေနိုင်စေရန် အကောင်အထည်ဖော်လိုသည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ မြေနေရာနှင့် အဆောက်အအုံများ ငှားရမ်းလုပ်ကိုင်နိုင်ရေးအတွက် ပထမအဆင့် EOI လျှောက်လွှာများကို ၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှစတင်၍ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားရေး ဝိုင်းဝန်းဆောင်ရွက်ရန် ဒုတိယဝန်ကြီး တိုက်တွန်း

နေပြည်တော်၊ စက်တင်ဘာ ၁၁ မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအခြေပြု တောင်သူတစ်ပိုင်တစ်နိုင် နည်းလမ်းများနှင့် စီးပွားဖြစ် ဇီဝမီးသွေး (Biochar) ထုတ်လုပ်သည့် နည်းလမ်းများဖြင့် စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားလာစေရေး ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တိုက်တွန်းပြောကြားသည်။ စက်တင်ဘာ ၁၀ ရက်က ကျင်းပသည့် “မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမီးသွေး အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် မြေဆီလွှာပြုပြင်ရေး အစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်...

မူးယစ်အမှုဖြင့် ထိုင်းနိုင်ငံက အလိုရှိသည့် တရားခံပြေး ၃ ဦးကို တာချီလိတ်တွင် ဖမ်းမိ၊ ထိုင်းနိုင်ငံသို့ လွှဲပြောင်း

တာချီလိတ်၊ စက်တင်ဘာ ၁၁ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံက အလိုရှိတရားခံပြေး ၃ ဦးကို မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ တရားခံပြေး ၃ ဦးမှာ Mr. Boy Lueansiri၊ Ms. Kulapom Makvemal နှင့် Mrs. Chonlanat (ခ) Budsanee Insuwan တို့ဖြစ်သည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ ဆမ်ဒက် ဟွန်ဆင် တွေ့ဆုံဆွေးနွေး

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော် (Solidarity Palace)၊ Polear Thipadei Hall ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071