Home Movies ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ ကျပ် ၁၈၀ ဝန်းကျင် ပြန်ကျ

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ ကျပ် ၁၈၀ ဝန်းကျင် ပြန်ကျ

0
122

ရန်ကုန်၊ ဩဂုတ်-၁၄

ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၁ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဩဂုတ်လ ၁၄ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron ၃,၆၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron ၃,၇၇၀ ကျပ်၊
ဒီဇယ် (HSD 500 ppm) ၄,၀၂၀ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၄,၈၇၀ကျပ်အထိ ဖြစ်သည်။ ဩဂုတ် ၂၀ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၉၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၈၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၈၀ ကျပ် ကျဆင်းခဲ့သည်။

သင်္ကြန်ကျော်ကာလ ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၀၈၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၁၇၅ ကျပ်၊ဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၈၈၅ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here