Tuesday, August 18, 2026

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို...

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့...

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...
HomeNewsLocal Newsပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့်...

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆

ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။

ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ကျောက်မျက်များကို အထည်ဒီဇိုင်း လှပရေး၊ ချောမောယဉ်ကျေးစွာ ကျောက်သွေးရေးနှင့် ခေတ်မီဆန်းသစ်သည့် အနုပညာမြောက် လက်ဝတ်ရတနာ ဒီဇိုင်းများ ဖန်တီး၍ စည်းရုံး ထိုးဖောက်ရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ပြင် ဈေးကွက်ထိုးဖောက်ရာ၌ ကျောက်မျက်၏ အရည်အသွေးအပြင် တီထွင်ဆန်းသစ်မှုများသည်လည်း အလွန်အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ပြပွဲတွင် ပြခန်းပေါင်း ၁၅၀ ပါဝင်ပြီး ၄ ရက်ကြာ ပြသသွားမည်ဖြစ်ရာ လာရောက်ကြည့်ရှုသူ ၈,၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားသည်။

မြန်မာ့ကျောက်စိမ်းသည် တရုတ်ဈေးကွက်ကို အဓိကထားပြီး ပတ္တမြားနှင့် နီလာတို့မှာ ကမ္ဘာ့ဈေးကွက်ရှိကြောင်း သိရသည်။ ဒေသတွင်း၌ ထိုင်းနိုင်ငံသည် ကျောက်မျက်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုချက် (Trade Hub) ဖြစ်နေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းကဲ့သို့ ဖြစ်လာအောင် ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇ ရက်က ထုတ်ပြန်သည့် တော်ဝင်အမိန့်အရ သိရသည်။ ဟွန်မာနက်၏ တောင်းဆိုချက်အရ ဘုရင် နိုရိုဒွမ် သီဟာမိုနီက အဆိုပါခန့်အပ်မှုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကမ်မိုနိုဝိသယာသည် ဝန်ကြီးအဆင့်နှင့်ညီမျှသည့် ရာထူးအဆင့် ရရှိမည်ဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အသေးစိတ်ကို တော်ဝင်အမိန့်တွင် ဖော်ပြထားခြင်းမရှိပေ။ ယင်းခန့်အပ်မှုသည် ကမ္ဘောဒီးယားအစိုးရနှင့် အတို-က်အခံအင်အားစုများအကြား နိုင်ငံရေးဆက်ဆံမှုတွင် ရှားရှားပါးပါး ဖြစ်ပေါ်လာသည့် အပြောင်းအလဲတစ်ရပ်အဖြစ်...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့ တို-က်ခိုက်ခံရ

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း Skai က ကြေညာသွားပါတယ်။ အဲဒီရုပ်သံလိုင်းက ထုတ်ပြန်လိုက်တဲ့ တို-က်ခိုက်မှုဗီဒီယိုထဲမှာဆိုရင် ဒရုန်းတစ်စင်းက ပင်လယ်ပြင်ပေါ်မှာ ကင်းထောက်ပျံသန်းနေပြီးနောက် ဂရိရေနံသင်္ဘောရဲ့ ကုန်းပတ်တံတားကို ဝင်တိုက်သွားတာ မြင်ရပါတယ်။ အတို-က်ခံရပြီးတာနဲ့ ချက်ချင်းပဲ မီးလေ-ာင်သွားတာပါ။ သင်္ဘောသားတွေ ထိခိုက်ဒ-ဏ်ရာရတာ ရှိ၊ မရှိကိုတော့ သေချာမသိရသေးဘူးလို့ ရုပ်သံလိုင်းက ဆိုပါတယ်။ အခုတို-က်ခိုက်မှုကို ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းနဲ့ လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071