Thursday, March 20, 2025

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ...

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’...

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့...

ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့်...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အတွင်းရှိ ဝါးအလယ်ကျွန်း သဘာဝအခြေခံ အပန်းဖြေစခန်းသို့ ယခုနှစ်တွင် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် လျော့နည်းလာသော်လည်း ခရီးသွားဧည့်သည် လုံးဝပြတ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ ဝါးအလယ်ကျွန်း...
HomeNewsLocal Newsပြည်ကြီးတံခွန်မြို့နယ်တွင် မျက်နှာအားဓားဖြင့်လှီး၍ စကီုဖီးဆိုင်ကယ်အားလုယက်ယူဆောင်

ပြည်ကြီးတံခွန်မြို့နယ်တွင် မျက်နှာအားဓားဖြင့်လှီး၍ စကီုဖီးဆိုင်ကယ်အားလုယက်ယူဆောင်

ပြည်ကြီးတံခွန်မြို့နယ်တွင် မျက်နှာအားဓားဖြင့်လှီး၍ စကီုဖီးဆိုင်ကယ်အားလုယက်ယူဆောင်

မန္တ လေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်းနှင့်စက်မှုပန်းခြံ(A)လမ်းတွင် သြဂုတ် ၂၄ ရက်မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး၏ မျက်နှာအားဓားဖြင့်လှီး၍ လုယက်ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က ၁၂၆ လမ်းနှင့်စက်မှုပန်းခြံ(A)လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၃ ဦးက အသက်(၂၀)နှစ်ခန့်ရှိ စကိုဖီး(အနက်ရောင်)ဆိုင်ကယ်စီးလာသည့် အမျိုးသား၏ မျက်နှာအားဓားဖြင့်လှီး၍ စကိုဖီးဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့ကြသည်။

ထိုသို့ ဓားဖြင့်လှီးခဲ့သဖြင့် မျက်နှာတွင်ပြတ်ရှဒဏ်ရာရရှိကာ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းရုံးသို့ လာရောက်၍အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းက အရေးပေါ်ပြုစုကုသမှုများပြုလုပ်ခဲ့ကြပြီး မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကိုဖီးဆိုင်ကယ်လုယက်ခံရသည့် အ သက်(၂၀)နှစ်ခန့်ရှိ အမျိုးသား၏ဓားဖြင့်လှီးခံရသည့်ပြတ်ရှဒဏ်ရာအား ၆ ချက်ချုပ်ခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ ပဲခူးမြစ်ကူးတံတားဖွင့်လှစ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များစောင့်ဆိုင်းနေရသဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သံကူကွန်ကရစ်တံတားအား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသည့် ဒေသခံများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကြုံတွေ့ရခြင်းမှကင်းဝေးပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့ဘဲ မိုးတွင်းကာလပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသည့် ကားများနှင့်...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံသံအမတ်ကြီးအား ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရုရှားနိုင်ငံလွှတ်တော်များသို့ လေ့လာရေးအဖွဲ့များစေလွှတ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်သွားရေးနှင့် နှစ်နိုင်ငံကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ...

ပူတင်၊ ဇီလန်စကီတို့နှင့် ဖုန်းပြောဆိုမှုများ ‘အလွန်ကောင်းမွန်’ ဟု ထရမ့်ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီတို့နှင့် မကြာသေးမီက ဖုန်းပြောဆိုမှုများမှာ အလွန်ကောင်းမွန်သည်ဟုပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဖုန်းပြောဆိုမှု နှစ်ကြိမ်စလုံးဟာ အလွန်ကောင်းမွန်ခဲ့ပြီး၊ သဘောတူညီမှုတစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို ရပ်တန့်နိုင်ဖို့ပါ။” ဟု ထရမ့်က Breitbart News နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သူ၏ရည်မှန်းချက်မှာ “ဒီနိုင်ငံနှစ်ခုကို ပေါင်းစည်းပေးဖို့” ဖြစ်ပြီး ယူကရိန်းအား အမေရိကန်၏ ထောက်ပံ့မှု ကုန်ကျစရိတ်ကို လျှော့ချရန်ဖြစ်သည်ဟု ထရမ့်ကဆိုသည်။ “ကျွန်တော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071