မလေးရှားတပ်မတော်က အိမ်ရှင်အဖြစ်လက်ခံ ၍ (၂၂)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို ယနေ့စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပရာ မြန်မာ့တပ်မတော်မှ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက် တက်ရောက်ခဲ့သည်။
တာဝန်ရှိသူများက မိန့်ခွန်းပြောကြားမှုနှင့် အစည်းအဝေးရလဒ်များကိုဖတ်ကြားခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “ပြည်စုံကြွယ်မှုနှင့် လုံခြုံမှုတို့အ တွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု”ခေါင်းစဉ်ဖြင့် နိုင်ငံအက္ခရာစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်မှလည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုမှာအဓိက အရေးပါသည့် အခြေခံကဏ္ဍတစ်ရပ်ဖြစ်သည့် “ပြည့်စုံကြွယ်ဝမှုနှင့် လုံခြုံမှုတို့အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အာဆီယံတပ်မတော်များ၏(၂)နှစ်တာလုပ်ငန်းစီမံချက်အား အတည်ပြုခြင်း၊ (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ ပူးတွဲကြောညာချက်အား အတည်ပြုခြင်း၊ ပူးတွဲကြေညာချက်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်းများပြု လုပ်ခဲ့ကြသည်။
ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသန်းထိုက်နှင့်အတူ လိုက်ပါသွားခဲ့သည့် မြန်မာ့တပ်မတော်မှကိုယ် စားလှယ်အဖွဲ့ဝင်များသည် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးတို့ကိုလည်းတက်ရောက်ခဲ့ကြပြီး အာဆီယံတပ်မ တော်များကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်များကို ပိုမိုခိုင်မာစေအောင်တည် ဆောက်နိုင်ခဲ့ကြသည်။
“ပြည့်စုံကြွယ်ဝမှုနှင့် လုံခြုံမှုတို့အတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု” ခေါင်းစဉ်ဖြင့်အာဆီယံတပ်မတော်ဆွေးနွေး
