ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဝန်ထမ်းများ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်
ပြင်ဦးလွင်ဒေသ ကို နိုင်ငံတော်ကခရီးသွားမြိုတော်၊ အားကစားမြိုတော်၊ ကျန်းမာရေးမြိုတော်၊ ကော်ဖီမြိုတော်၊ စံပြမြိုတော်အဖြစ် ဖော်ဆောင်ရာတွင် မိမိတိုဝန်ထမ်းများအနေဖြင့် ရောက်ရှိ တာဝန်ထမ်းဆောင်သည့် ဒေသ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကပြောသည်။
ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန က အရာထမ်း အမှုထမ်းများနှင့် အောက်တိုဘာ(၁၃)ရက်နေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတိုဆောင်ရွက်ရသည့်လုပ်ငန်းများကို ဆန်းသစ်သည့် အတွေးအခေါ်များ၊ အကြံဉာဏ်ကောင်းများပေးနိုင်ရန် အစဉ်အမြဲ ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
ထိုပြင် ဝန်ထမ်းစည်းကမ်းနှင့်အညီ နေထိုင်ကြရန်၊ ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် မိမိတိုလုပ်ငန်းဘာသာရပ် (Subject) သာမက ဘာသာစကား (Language) နှင့် IT နည်းပညာများကို ဖြည့်ဆည်းထားကြရန်၊ လုံခြုံရေးကို အလေးဂရုပြုလိုက်နာဆောင်ရွက်ကြရန် လည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ကြောင်း သိရသည်။
