Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeMoviesပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် အရှည်...

ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် အရှည် ၅၅၄ မီတာရှိ Sky Cable တည် ဆောက်လျက်ရှိ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံ ခွန်အပန်းဖြေစခန်း(B.E FALLS)တွင် အရှည် ၅၅၄ မီတာရှိ Sky Cable တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တည်ဆောက်နေမှုနှင့်ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(B.E FALLS)အတွင်းအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

အပန်းဖြေစခန်းအတွင်း ပြည်သူများစိတ်ချမ်းမြေ့စွာအပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့် ရှင်းသာယာလှပအောင်ဆောင်ရွက်ရန်နှင့်တောတွင်းလျှောက်လမ်းများတွင် ရေညှိများကပ်ငြိမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန် နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌအား ပွဲကောက်ရေတံခွန်အတွင်း လုပ် ငန်းဆောင်ရွက်နေမှု၊အများပြည်သူများလာရောက်အပန်းဖြေမှု၊တောတွင်းလျှောက်လမ်းများတိုးချဲ့ရန်ဆောင်ရွက်နေမှုနှင့် Sky Cable တည် ဆောက်နေမှုတို့အား မြန်မာစီးပွားရေးကော်ပိုရေး ရှင်းဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးညိုစောက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် အရှည် ၅၅၄ မီတာရှိ Sky Cable တည်ဆောက်နေမှု၊ဆင်းသက်မည့်နေ ရာတည်ဆောက်နေမှုနှင့်ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်း အလှအပများကို လှည့်လည်ကြည့်ရှုနိုင်ရန်ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းတို့အား ကြည်ရှုစစ်ဆေးခဲ့သည်။

ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ဈေးဆိုင်ခန်းများ များပြားလာခြင်း၊စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊သစ်ပင်များခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့၍ ရေတံခွန်အတွင်းရေသန့်စင်စေရေးသဘာဝ ရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေက စားလိုသူများ သန့်ရှင်းပြီးကျန်းမာရေးနှင့်ညီ ညွတ်စွာရေကစားမှုနိုင်ကြောင်း သိရသည်။

အပန်းဖြေစခန်းအတွင်း၌ ရေတံခွန် ၃ ခုရှိပြီး မှန်တံတားအောက်ခြေရှုခင်းများအား ကြည့်ရှုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီထည့်သွင်းဆောက်လုပ်ထားပြီး ပန်းမျိုးစုံစိုက်ပျိုးထားကာ နှစ်စဉ်ပန်းပွဲတော်များ ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် လာရောက်လည်ပတ်သူများစိတ်အပန်း ပြေစေရန်ရည်ရွယ်၍ မှန်တံတား၊ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများကိုလည်း ပြည့်စုံအောင်ထည့် သွင်း၍အဆင့်မြှင့်တင်ထားကာ Sky Cable ကိုလည်း မကြာမီအချိန်အတွင်းဖွင့်လှစ်နိုင်ရန် တည်ဆောက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071