မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ အောက်တိုဘာ ၁၉ ရက်နံနက် ၁၁ နာရီခန့်မှစတင်၍ ရပ်ကွက်ကြီး(၇)၊ ကွက်ပြင်(၁)၊ သံလမ်းရပ်ကွက်တို့တွင် ရေမြောင်းများပိတ်ဆို့ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေမြောင်းများပိ-တ်ဆို့မှုကြောင့် မြေနိမ့်ပိုင်းရှိနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင်ပူးပေါင်းကာ ပိ-တ်ဆို့နေသောရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
