မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုခဲ့မှုကြောင့်နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသ-တ်တပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ(၁၉)ရက်၊ နေ့လည် ၁၁ နာရီ အချိန်ခန့်က ရပ်ကွက်ကြီး(၇)၊ ကွက်ပြင်(၁)၊ သံလမ်းရပ်ကွက်တွင် ရေမြောင်းများပိ-တ်ဆို့ပြီး မြေနိမ့်ပိုင်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြင်ဦးလွင်မြို့နယ်မီးသ-တ်စခန်းမှ သန္ဓေမီးသ-တ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် တရုတ်ပင်လယ်ပြင်၌ဖြစ်ပေါ်နေသည့် မုန်တိုင်း’ဖန်ရှန်’အရှိန်ကြောင့်မိုးထစ်ချုန်းရွာဦးမည်ဖြစ်ကြောင်း သိရသည်။
