ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေသော ဂျာမန်လူမျိုး အိမ်ခြံမြေပွဲစားတစ်ဦး၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ ဘန်လမွန်းဒိစတြိတ်၊ နောင်ပရူးအရပ်ရှိ အိမ်တစ်အိမ်မှ ရေခဲသေတ္တာအတွင်း တွေ့ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အသက် ၆၂ နှစ်အရွယ်ရှိ ဂျာမန်နိုင်ငံသား ဟန်စ်ပီတာရယ်လ်တာမက်သည် ဇူလိုင်လ ၄ရက်ကတည်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး၊ ရဲစုံထောက်များက ယင်းအမှုကို ကိုင်တွယ်ခဲ့ကြခြင်းဖြစ်သည်။
မက်သည် အမည်မဖေါ်လိုသော ထိုင်းနိုင်ငံသား အိမ်ခြံမြေပွဲစားတစ်ဦးနှင့် တွေ့ဆုံရန်အတွက် ပတ္တရားရှိ Swiss Paradise အိမ်ရာ သူတို့တိုက်ခန်းမှထွက်သွားခဲ့ကြောင်း မက်၏ ဇနီး အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးကရဲတပ်ဖွဲ့အားထွက်ဆိုခဲ့သည်။ မက်သည် ထိုထိုင်းနိုင်ငံသားအား ဘတ်ငွေ ၂ သန်းကို ဘဏ်မှ လွှဲပြောင်းပေးခဲ့ကြောင်းတွေ့ရသဖြင့် ခြိမ်းခြောက်ငွေညှစ်ကာ သတ်ဖြတ်မှုဖြစ်နိုင်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ နယ်မြေ ၂ မှ စုံစမ်းစစ်ဆေးရေးမှုး ရဲမှူးချုပ်ကပြောသည်။
စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။