Looking for something?

Explore the website

Looking for something?

Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeNewsLocal Newsပဲရစ်မြို့၌ ကျင်းပမည့် Apparel...

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing Paris ပြပွဲတွင် မြန်မာ့အထည်အလိပ် ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Messe Frankfurt France မှ ကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်မှ (၁၇) ရက်ထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Paris Le Bourget, France ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ်ပါရီမြို့တွင်ကျင်းပပြုလုပ်လေ့ရှိပြီး ပြပွဲပြသသူ (၁,၀၀၀)ကျော် ပါဝင်ပြသည့် ပြပွဲဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ် ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှစ၍ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန် MYANMAR PAVILION အနေဖြင့် ၂ဝ၂၂ ခုနှစ် မှစတင်၍ ပြပွဲတွင် ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်တွင်လည်း Made in Myanmar ထုတ်ကုန်များကို ပါဝင်ပြသလိုသည့် အသင်းဝင်စက် ရုံများကို ဖိတ်ခေါ်ထားသည်။

အသင်းဝင်များအနေဖြင့် ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့် ကျခံ၍လိုက်ပါနိုင်ပြီး၊ အကယ်၍ ပြပွဲလေ့လာသူအနေဖြင့် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့် Registration Fees ပေးသွင်း၍ လိုက်ပါနိုင်ကြောင်း အသိပေးထားသည်။

ထို့ပြင် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် မိမိကိုယ်ပိုင် အသုံးစရိတ်များကို ကျခံနိုင်ရမည်ဖြစ်ပြီး အသင်းမှ လေယာဉ်လက်မှတ်ဝယ်ယူခြင်း နှင့် ဗီဇာလျှောက်ထားခြင်းတို့အတွက် လိုအပ်သောအကြံပေးမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အသင်းဝင်စက်ရုံ/ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက မေလ (၃၁) ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071