အလှူရှင်များမှ အာဟာရဝေငှပေးရာ နေရာများသို့ လူနာစောင့်များက လာရောက်၍ စနစ်တကျ တန်းစီကာ ဝမ်းမြောက်ဝမ်းသာ အလှူခံယူကြသည်ကို တွေ့ရှိရသည်။
ယခုကဲ့သို့ လှူဒါန်းမှုများသည် ဆေးရုံတက်နေစဉ်အတွင်း မိသားစုဝင်များ၏ စားသောက်စရိတ်နှင့် အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။
ပဲခူးပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်နှင့်အမျှ တိုးပွားလာသော လူနာများနှင့် မိသားစုဝင်များအတွက် အာဟာရဒါန ကျွေးမွေးလှူဒါန်းလိုသည့် စေတနာရှင်များအနေဖြင့် မနက်စောစာ ၊နေ့လည်စာ၊ ဖြည့်စွက်စာ အစရှိသဖြင့် ကုသိုလ်ပါဝင်နိုင်ကြသည်။
အလှူရှင်များအနေဖြင့် ဆေးရုံအုပ်ချုပ်မှုဌာန (သို့မဟုတ်) ဆေးရုံရှိ အာဟာရဒါန ကြီးကြပ်မှုကော်မတီထံသို့ တိုက်ရိုက်ဆက်သွယ်ကာ မိမိတို့ လှူဒါန်းလိုသည့် ရက်နှင့် အချိန်များကို ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။အချို့ရက်များသဘ် အလှုရှင်များက လစဥ်ယူထားသည်လည်းရှိသည်။
ခက်ခဲနေသော လူနာများနှင့် မိသားစုဝင်များအား ကိုယ်ချင်းစာစိတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
