Monday, July 6, 2026

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊...

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ...

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင်...

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ...

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆)...
HomeNewsLocal Newsပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့်...

ပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် လမ်းညွှန်

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားလိုက်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် လိုအပ်သလို၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးနိုင်သည့် စိုက်ပျိုးသီးနှံများအတွက်လည်း အချိန်မီ ပြန်လည်
ကုစားစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် ဒေသအလိုက် စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးရေရရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းခဲ့ပြီး ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အလိုက် သင်တန်းများဖွင့်လှစ်ပေးရန်၊ နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးကူညီရန်နှင့် တင်ဒါလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်တို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမ္မာန်နေရာများအားကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ ပြင်ဆင်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Photo- ရန်ကုန်တိုင်းအစိုးရ

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို ပြန်လည်ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ သင်း"(AMJSEDC)မှဦးဆောင်၍ မတည်လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ကုသိုလ်ယူလှူဒါန်းလိုသူများအနေဖြင့် အသင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ AMJSEDC ၏ မတည်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကိုစ တင်ဆောင်ရွက်လျက်ရှိပြီး စတင်ဆောင်ရွက်သည့်အ ချိန်မှ (၁)နှစ်အတွင်းပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်ခြင်းသည် မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သမိုင်းဝင်အမွေအနှစ်များကို ရေ ရှည်ထိန်းသိမ်းရာရောက်ကြောင်း သိရသည်။

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071