Thursday, May 14, 2026

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...
HomeInternationalပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန်အသင့်--ယူကရိန်းသမ္မတဇလန်းစကီး

ပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန်အသင့်–ယူကရိန်းသမ္မတဇလန်းစကီး

ဖေဖော်ဝါရီ ၅

ယူကရိန်းခေါင်းဆောင် ဗလိုဒီမီးရ် ဇလန်းစကီး သည် သုံးနှစ်နီးပါးကြာ စစ်ပွဲကိုအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း အင်္ဂါနေ့က တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။
မော်စကို၏ကျူးကျော်မှု သုံးနှစ်မြောက် နီးကပ်လာချိန်တွင် အိမ်ဖြူတော်သို့ပြန်လည်ရောက်ရှိလာပြီး တိုက်ပွဲများအဆုံးသတ်ရန် ကတိပြုထားသည့် ဒေါ်နယ်ထရမ့်ပ် နှင့်အတူ ဆွေးနွေးပွဲများကို စတင်ရန် ၎င်း၏ ပြေကြားချက်များ ထွက်ပေါ်လာခဲ့သည်။

ဗြိတိန် သတင်းထောက် ပီးယားစ်မော်ဂန် နှင့် တွေ့ဆုံမေးမြန်းခန်းကို YouTube တွင် တင်ထားခဲ့သည်။

စေ့စပ်ညှိနှိုင်းရေး စားပွဲတစ်ခုထဲတွင် ပူတင်နှင့် မျက်နှာချင်းဆိုင်ထိုင်နေပါက မည်သို့ဖြစ်မည်နည်းဟု မေးမြန်းရာ ဇလန်းစကီး က “အဲဒါက ယူကရိန်းနိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေး ယူဆောင်လာပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်ရင် ပြည်သူ တွေကို မဆုံးရှုံးစေရင် ဒီတွေ့ဆုံမှုမှာ သေချာပေါက် ကျွန်တော် ပါဝင်သွားမှာပါ” ဟု ၎င်းက ဆွေးနွေးပွဲ၌ ပါဝင်သူ လေးဦးနှင့် အတူ ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါဝင်သူများမှာ မည်သူမည်ဝါ တို့ ဖြစ်သည်ကို မဖော်ပြထားသော်လည်း မော်ဂန်သည် ရုရှား၊ ယူကရိန်း၊ အီးယူနှင့် အမေရိကန်တို့အကြား ရှိလာနိုင်သော ဆွေးနွေးပွဲများအကြောင်းကို အစောပိုင်းတွင် ပြောဆိုခဲ့သည်။

“ကျွန်တော် သူ့အပေါ် သဘောကောင်းမှာ မဟုတ်ပါဘူး၊ သူ့ကို ရန်သူလို့ ကျွန်တော် မှတ်ယူပါတယ်။ ရိုးရိုးသားသား ပြောရရင် သူကလည်း ကျွန်တော့်ကို ရန်သူလို့ တွေးမယ် ထင်ပါတယ်” ဟု ယူကရိန်း ခေါင်းဆောင်က ပြောကြားခဲ့သည်။

မော်စကိုသည် ယူကရိန်းနှင့် ဆွေးနွေးမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပူတင်က ပြောကြားခဲ့သော်လည်း ဇလန်းစကီး နှင့် တိုက်ရိုက်ပြောဆိုခြင်းကို ငြင်းပယ်ထားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ဖြစ်နိုင်ချေရှိသော ဆွေးနွေးပွဲများမတိုင်မီ စစ်မြေပြင်တွင် အသာစီးရရန် ကြိုးပမ်းခဲ့ကြသည်။

ကိယက်ဗ်သည် ရုရှားတပ်ဖွဲ့များကို ထိန်းထားရန် ရုန်းကန်နေရပြီး ယူကရိန်းသည် ရုရှားနိုင်ငံမှ ဆုံးရှုံးခဲ့သော နယ်မြေအချို့ကို ပြန်လည်ရရှိရန် မဖြစ်နိုင်ကြောင်း ဇလန်းစကီး က ဝန်ခံခဲ့သည်။

“ဝမ်းနည်းစရာမှာ ကျွန်ုပ်တို့၏မိတ်ဖက်များကပေးသော ထောက်ပံ့မှုများသည် ပူတင်ကို ကျွန်ုပ်တို့၏နယ်မြေများမှ အပြည့်အဝတွန်းထုတ်နိုင်ရန် မလုံလောက်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အီးယူနှင့် ကိယက်ဗ် တို့သည် မော်စကိုကို တရားမျှတမှုမရှိသော အရာများကိုလိုက်လျောရန် Trump က ကိယက်ဗ် ကို အတင်းအကျပ် ဖိအားပေးမည်ကို စိုးရိမ် နေကြသည်။
ဇလန်းစကီးက နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ယူကရိန်း၏ အစီအစဉ်သည် ယခင် အတိုင်းပင် ရှိနေဆဲ ဖြစ်သောကြောက့်တိုက်ပွဲများ ကို အဆုံးသတ်ရန်နှင့် “လုံခြုံရေးအာမခံချက်များ” ရမှသာ ပြေလည်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref: ဖရန်စ့်၂၄

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071