Looking for something?

Explore the website

Looking for something?

Monday, June 9, 2025

ငလျင်ကြီးအပြီး (၂)လကျော်အကြာတွင် တွေ့မြင်ရသည့် Sky...

မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်းအားပြင်း မန္တလေး ငလျင်ကြီးအပြီး (၂)လကျော်အကြာတွင် တွေ့မြင်ရသည့် Sky Villa ကွန်ဒို အဆောက်အဦးဖြစ်သည်။ အဆိုပါ Sky...

ဆန္ဒပြမှုများ ပြင်းထန်လာသည်နှင့်အမျှ လော့စ်အိန်ဂျယ်လိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့များ...

တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ဆန္ဒပြသူများသည် ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်မ်က အမေရိကန်ပြည်ထောင်စု၏ ဒုတိယအကြီးဆုံးမြို့၏ လမ်းမများသို့ စေလွှတ်ခဲ့သော...

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁)...

အီလွန်မတ်စ်နှင့်ဆက်ဆံရေး ပြီးဆုံးသွားပြီ–ထရမ့်ပ်

အမေရိကန်သမ္မတထရမ့်ပ်က ဘီလျံနာသူဌေးအီလွန်မတ်စ်နှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ အပြန်အလှန် ပြင်းထန်စွာ တို-က်ခို-က်ကြပြီးနောက် ၎င်းတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖုန်းအင်တာဗျူးတစ်ခု၌ ထရမ့်ပ်က မတ်စ်နှင့်...
HomeNewsLocal Newsပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင်...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

ဖေဖော်ဝါရီ၊ ၁၃

ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မော်စကိုက ယူကရိန်းကို ကျူးကျော်မှု အဆုံးသတ်ရေး အတွက်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် မိနစ် ၉၀ နီးပါးကြာ ဖုန်းပြောဆိုမှုအပြီးတွင် ထရမ့် က ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့ဆုံဖို့ မျှော်လင့်တယ်။ တကယ်တော့၊ သူဒီကိုလာမယ်လို့မျှော်လင့်တယ်၊ ကျွန်တော်လဲအဲဒီကိုသွားမယ်၊ ဆော်ဒီအာရေးဗျမှာပထမဆုံးအကြိမ်တွေ့ဆုံဖို့မျှော်လင့်ပါတယ်၊ တစ်ခုခုလုပ်ဆောင်နိုင်မလားဆိုတာကြည့်ကြမယ်” ဟု ထရမ့်ပ် က ဘဲဥပုံ ရုံးခန်း တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

တွေ့ဆုံပွဲကျင်းပမည့်ရက်စွဲကို မသတ်မှတ်ရသေး သော်လည်း “မဝေးလွန်းသောအနာဂတ်” တွင် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ထရမ့်ပ် က ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မာန် ပါဝင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ “အိမ်ရှေ့မင်းသားကို ငါတို့သိတယ်၊ အဲ့မှာတွေ့ဆုံဖို့က အရမ်းကောင်းတဲ့ နေရာ ဖြစ်မယ်”ဟု ထရမ့်ပ် ကပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုသို့ အလည်အပတ်လာရောက်ရန် ရုရှားသမ္မတပူတင်က ထရမ့်ပ် နှင့် ၎င်း၏အစိုးရအရာရှိများကို ဖိတ်ကြားထားခဲ့ပြီး ယူကရိန်းအရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီသရီ ပက်စ်ကော့ဖ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ရုရှားသမ္မတက အမေရိကန်သမ္မတကို မော်စကိုသို့လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပြီး ယူကရိန်းငြိမ်းချမ်းရေးဆိုင်ရာဖြေရှင်းမှု ခေါင်းစဉ်အပါအဝင် အပြန်အလှန်စိတ်ဝင်စားတဲ့ နယ်ပယ်တွေမှာ အမေရိကန်အရာရှိတွေကို လက်ခံဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေကြောင်း” ဟု ပက်စ်ကော့ဖ် က ပြောကြားခဲ့သည်။

ထရမ့်ပ်က “ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ချက်ချင်းစတင်မည်”ဟု ဗုဒ္ဓဟူးနေ့တွင် ဖိတ်ခေါ်ပြီးနောက် ၎င်းက ယူကရိန်းသည် ၎င်း၏နယ်မြေဒေသများကို ပြန်လည်ရရှိမည်မဟုတ်ကြောင်းနှင့် ၎င်းကြောင့် အတ္တလန်တိတ် နှစ်ဘက်စလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်နိုင် ကြောင်း ပြောကြားခဲ့ သည်။

Ref: ပေါ်လစ်တီကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြီးအပြီး (၂)လကျော်အကြာတွင် တွေ့မြင်ရသည့် Sky Villa

မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်းအားပြင်း မန္တလေး ငလျင်ကြီးအပြီး (၂)လကျော်အကြာတွင် တွေ့မြင်ရသည့် Sky Villa ကွန်ဒို အဆောက်အဦးဖြစ်သည်။ အဆိုပါ Sky Villa အဆောက်အဦးတွင် ယမန်နေ့ ဇွန်လ (၇) ရက်အထိ ရုပ်အလေ-ာင်းများ ထုတ်ယူနေရဆဲဖြစ်ကာ ယမန်နေ့ကပင် အမျိုးသမီး (၁) ဦး၏ ရုပ်အလေ-ာင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် စက်ယန္တရားများနှင့်အတူ ရုပ်အလေ-ာင်းများကျန်ရှိနေသည့် မန္တလေးမြို့ Sky Villa အဆောက်အဦး (A) ဆောင်နှင့် (B)...

ဆန္ဒပြမှုများ ပြင်းထန်လာသည်နှင့်အမျှ လော့စ်အိန်ဂျယ်လိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့များ ရောက်ရှိနေပြီး၊ ထရမ့်မ်ကလည်း နေရာအနှံ့တွင် စစ်တပ်ရှိနေလိမ့်မည်ဟု သတိပေး

တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၌ ဆန္ဒပြသူများသည် ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်မ်က အမေရိကန်ပြည်ထောင်စု၏ ဒုတိယအကြီးဆုံးမြို့၏ လမ်းမများသို့ စေလွှတ်ခဲ့သော အမျိုးသားအစောင့်တပ်ဖွဲ့များအနီးသို့မရောက်စေရန် ဆန္ဒပြသူများကို ဒေသခံရဲတပ်ဖွဲ့က အဝေးတွင်တားဆီးထားခဲ့သည်။ ဆန္ဒပြမှုများသည် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေလျှက်ရှိပြီး၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ဆောင်ရွက်မှုများကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဂိုဏ်းဝင်များဟု အာဏာပိုင်များက စွပ်စွဲပြောဆိုသော လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကြောင့်လည်း ဆန္ဒပြသူများက ဒေါသထွက်နေကြသည်။ လက်တင်လူမျိုး လူဦးရေများပြားသော မြို့ကြီးတစ်မြို့တွင် နေ့ခင်းကြောင်တောင် စတင်ခဲ့သော ဝင်ရောက်စီးနင်းမှုများသည် ပြည်သူလူထုကြားတွင် တုံ့ပြန်မှုကို ဖြစ်ပေါ်စေရန် အမြဲတမ်း...

ထရမ့်ပ်၏ ၁၂ နိုင်ငံမှနိုင်ငံသားများကိုပြည်ဝင်ခွင့် ပိ-တ်ပင်မှုယနေ့စတင်

နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကသို့ ပြည်ဝင်ခွင့် ပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အမိန့်သည် တနင်္လာနေ့နံနက် ၁၂း၀၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၀၄၀၁) တွင် စတင်အကျိုးသက်‌ရောက်မည်ဖြစ်ကာ နိုင်ငံကို ပြည်ပအကြမ်းဖက်သမားများရန်မှ ကာကွယ်ရန်ဟုဆိုကာ သမ္မတက ထုတ်ပြန်လိုက်သော အစီအစဉ်ဖြစ်သည်။ ခရီးသွာလာခွင့် ပိ-တ်ပင်ခံလိုက်ရသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ဖြစ်သည်။ ထို့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071