Monday, July 6, 2026

ကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ်

မလေးရှားနိုင်ငံတွင် ဒူးရင်းသီး ကို နှစ်ခြိုက်မှုသည်အလွန်ရေပန်းစားလာသဖြင့် ဇူလိုင်လ ၄ ရက်က “ကွာလာလမ်ပူရ် ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာ” (Kuala Lumpur Durian...

ဒီဇယ်ဆီ HSD (500 ppm)၊...

ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအတွက်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဇူလိုင် ၃၁ ရက်အထိ...

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊...

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ...
HomeNewsLocal Newsပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံစဉ် ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများစွာရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတက မန္တလေး၊ ပုဂံ၊ ရန်ကုန်နှင့် လွန်ပရာဘန်မြို့များအကြား ခရီးသွားလုပ်ငန်း ချိတ်ဆက်ဖွံ့ဖြိုးလာပါက နှစ်နိုင်ငံအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးကလည်း ယခုချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ်

မလေးရှားနိုင်ငံတွင် ဒူးရင်းသီး ကို နှစ်ခြိုက်မှုသည်အလွန်ရေပန်းစားလာသဖြင့် ဇူလိုင်လ ၄ ရက်က “ကွာလာလမ်ပူရ် ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာ” (Kuala Lumpur Durian Experience Centre - KLDEX) ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ စင်တာဖွင့်ပွဲကို စနွေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ကျင်းပသည့် မလေးရှား ဒူးရင်းသီးပွဲတော် ၂၀၂၆ နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ဂျလန်အမ်ပန်း လမ်းမပေါ်တွင် တည်ရှိပြီး အာရှ၏ ပထမဆုံးသော ဘက်စုံသုံး ဒူးရင်းသီး အတွေ့ အကြုံမျှဝေရေးစင်တာဖြစ်သည့်...

ဒီဇယ်ဆီ HSD (500 ppm)၊ ဓာတ်မြေသြဇာနှင့် LNG တင်သွင်းမှုများအတွက် ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ရ

ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအတွက်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်အားထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းနှင့် သဘာဝ ဓာတ်ငွေ့ရည်(LNG)တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်တို့အား ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမ္မာန်နေရာများအားကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ ပြင်ဆင်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Photo- ရန်ကုန်တိုင်းအစိုးရ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071