Sunday, July 13, 2025

စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသောမုံရွာချင်းတွင်းဆိပ်ကမ်းတလျောက်မျက်ခြေမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေသော စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ချင်းတွင်းမြစ် ဆိပ်ကမ်းတလျောက်ရှိ ရေသွင်းရေထုတ်ရေတံခါးများ၊ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိရေးအတွက် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ ချင်းတွင်းမြစ်ရေ အမှတ်သည် ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းအချိန်...

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီ

KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း...

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...
HomeNewsLocal Newsပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများ...

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ(၂၀)ရက် ညပိုင်းနှင့် စက်တင်ဘာ (၂၁)ရက် နံနက်ပိုင်းတို့တွင် နေအိမ်နှင့် လမ်းများပေါ်သို့ သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်း သစ်ပင်လဲကျခြင်း၊ အမှတ်(၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်၊ ငှက်ပစ်တောင်ဘုရားကြီး အုတ်စောင်းပေါ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အလားတူ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာ၊ ပုပ္ပါး -မြင်းခြံလမ်းဆုံ၊ မိုင်တိုင်အမှတ်(၄၀၀/၅)တွင် သစ်ပင်လဲကျမှုတို့ ဖြစ်ပွားခဲ့ခြင်းအား ညောင်းဦးမြို့နယ်မီးသတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းနှင့် ပုပ္ပါးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ (၂၀)ရက်၊ ည(၈)နာရီ၊ မိနစ် (၄၀)အချိန် ခန့်က ညောင်ဦးမြို့၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးပေါ်တွင် ကားလမ်းမကြီးပေါ်တွင် မိုးရွာသွန်းမှုကြောင့် လုံးပတ်(၄) ပေပတ်လည်ခန့်၊ အမြင့်ပေ (၄၀)ခန့်ရှိ သက်တမ်းရင့် ထနောင်းပင်ကြီးမှာ အမြစ်မှ ကျွတ်ထွက်၍ လဲကျမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူ၊ ယာဉ်၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း နေအိမ်အချို့နှင့် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးကြိုးများ တချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေသောမုံရွာချင်းတွင်းဆိပ်ကမ်းတလျောက်မျက်ခြေမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ

စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေသော စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ချင်းတွင်းမြစ် ဆိပ်ကမ်းတလျောက်ရှိ ရေသွင်းရေထုတ်ရေတံခါးများ၊ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိရေးအတွက် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ ချင်းတွင်းမြစ်ရေ အမှတ်သည် ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် (၃၀) စင်တီမီတာကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။ မုံရွာမြို့၊ အိုးဘိုတောင်(၀၀) ပေါက်တွဲရေတံခါးမှ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှု၊ ချင်းတွင်းမြစ်ရိုးတလျောက်ရှိ ရေထိန်းတာဘောင်နှင့် ရေထိန်းတံခါးကြံခိုင်မှုရှိစေရေးအတွက်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မြစ်ရေကြီးမြင့်မှုဖြစ်ပါက ရေပြင်ရှာဖွေကယ်ဆယ်ရေး စပိချ်ဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေးရေယာဥ်ကြီးများ အသင့်ရှိစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။ လက်ရှိတွင် မီးသတ်တပ်ဖွဲ့များက မြစ်ရေကြီးမြင့်မှု ကာကွယ်နိုင်ရန် ကင်းလှည့်ရေယာဥ်များဖြင့် အချိန်ပြည့်စစ်...

လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီ

KNPP ၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များထိန်း ချုပ်ထားသည့် မိုးဗြဲမြို့နှင့် ဝါရီကောခူကျေးရွာနှင့် ဆောင်ကန်း(ကယား)ကျေးရွာတို့အား လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ကုန်စည်စီးဆင်းမှုတွင်အရေးပါသည့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိုင်ကော်မြို့ဒေသခံများသည် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင် ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံ့သို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် လွိုင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများလည်း ပိုမိုလွယ်ကူလျင်မြန်လာသဖြင့် လွိုင်ကော်မြို့နှင့် လက်ရှိစစ်ဘေးသင့် မြို့/ရွာများတွင်နေထိုင်သူများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီး မြင့်မှုတို့လည်း...

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071