မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ရှုခင်းများကြည့်ရှုရန်အတွက် Balloon ပျံသန်းမှု ရာသီပြန်လည်ရောက်ရှိပြီဖြစ်ကာ ပျံသန်းမှုများပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၈)ရက်မှ စတင်က ပျံသန်းခြင်းဖြစ်ပြီး ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloon အဖွဲ့ကမှာ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပြီး ပျံသန်းကာ သူဌေးကန်ကျေးရွာ၊ အနောက်ဘက်၌ ဆင်းသက်ခဲ့ကြောင်း သိရသည်။ ပျံသန်းမှု၌ ခရီးသည် (၁၄)ဦး လိုက်ပါစီးနင်းခဲ့ပြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ် အလှရှုခင်းများ၊ ရှေးဟောင်းအဆောက်အဦး ဘုရားစေတီများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
