ဒီဇင်ဘာ ၃၁
ပီရူးနိုင်ငံ၏ ကျော်ကြားသော မာချူးပီချူးရှေးဟောင်းအမွေအနှစ်နေရာသို့ ပြေးဆွဲသည့် ရထားလမ်းပိုင်း၌ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရထားနှစ်စီး ခေါင်းခြင်းဆိုင်တို-က်မိရာ လူတစ်ဦးေ-သဆုံးပြီး ၄၀ ဦး ထက်မနည်းဒ-ဏ်ရာရရှိခဲ့ကြောင်း ပီရူးအာဏာပိုင်များက ပြောကြားခဲ့သည်။
ရှေးဟောင်း အင်ကာနယ်မြေနှင့် အနီးဆုံးမြို့ဖြစ်သည့် ကူစကိုမြို့၊ ရှေ့နေရုံး၏ အဆိုအရ ေ-သဆုံးသူမှာ တို-က်မိခဲ့သည့် ရထားတစ်စီးမှ စက်ခေါင်းမောင်းဖြစ်ကြောင်း သိရှိရပါသည်။ တာဝန်ရှိသူများက ဒ-ဏ်ရာရရှိသူများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကြိုးပမ်းလျက်ရှိပြီး အများစုမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြောင်း သိရှိရပြီး ပြင်းထန်သော ဒ-ဏ်ရာများ ရရှိထားကြောင်း သတင်းရရှိပါသည်။
ခရီးသည်များမှတစ်ဆင့် အာပီပီ ရုပ်သံလိုင်းသို့ ပေးပို့လာသည့် ဗီဒီယိုဖိုင်များတွင် ပျ-က်စီးသွားသော ရထားစက်ခေါင်းနှစ်လုံးအနီးရှိ ရထားလမ်းဘေး၌ ဒ-ဏ်ရာရရှိသူများ လဲလျောင်းနေသည်ကို တွေ့ရပြီး အခင်းဖြစ်ပွားရာနေရာမှာ တောင်ထူထပ်ကာ တို-က်ရို-က်ကားလမ်းမရှိဘဲ ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သဖြင့် လူနာတင်ယာဉ် တစ်ဒါဇင်ခန့်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အရေးပေါ်စေလွှတ်ခဲ့ရကြောင်း သိရှိရပါသည်။
ဖယ်ရိုကာရီလ် ထရန်ဆန်ဒီနို ရထားအေဂျင်စီ၏ ပြောကြားချက်အရ ပီရူးရထားကုမ္ပဏီမှ ရထားတစ်စီးနှင့် အင်ကာရထား ကုမ္ပဏီမှ ရထားတစ်စီးတို့သည် အိုလန်တေတမ်ဘို မြို့နှင့် မာချူးပီချူးကို ဆက်သွယ်ထားသည့် တစ်လမ်းသွား ရထားလမ်းပိုင်းတွင် မွန်းတည့်ချိန်ခန့်၌ တို-က်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါ တို-က်မိမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။
မာချူးပီချူးသည် ၁၉၈၃ ခုနှစ်မှစ၍ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရပြီး တစ်ရက်လျှင် ပျမ်းမျှ ခရီးသည် ၄,၅၀၀ ခန့် လာရောက်လည်ပတ်ကြကြောင်း၊ အများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ပီရူးခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။ ၎င်းနေရာသည် တောင်ထူထပ်သော ဒေသတွင် တည်ရှိသောကြောင့် ခရီးသွားအများစုမှာ ရထားနှင့် ဘတ်စ်ကားများကိုသာ အသုံးပြု၍ သွားလာကြရသည်။
၁၅ ရာစုနှစ်တွင် အမြင့်ပေ ၂,၅၀၀ ခန့်ရှိသော တောင်ကုန်းပေါ်၌ တည်ဆောက်ထားသည့် အဆိုပါခံတပ်အဆောက်အအုံကို အင်ကာဘုရင် ပချာကူတက်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗိသုကာပညာနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပြောင်မြောက်သော လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း သိရှိရပါသည်။
Ref: တီအာတီဝေါလ်
