Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomeCelebrities' Newsပိုင်ဖြိုးသု ရဲ့ တစ်ကိုယ်ရေ...

ပိုင်ဖြိုးသု ရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ အလှအပ ထိန်းသိမ်းစောင့်ရှောက်နည်း

paiphyoethu1
လူတိုင်းအတွက် ကျန်းမာရေးက မရှိမဖြစ်အလိုအပ်ဆုံးအရာပဲ ဖြစ်သလို စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာစွာ၊ အသက်ရှည်အနာမဲ့စွာ လူမှုဘဝ ရှင်သန် နေထိုင်နိုင်စေ မှာဖြစ်ပါတယ်။ ဒီလိုပဲ ကျန်းမာရေးကဏ္ဍဟာ အနုပညာရှင်များ အတွက်လည်း ပိုအလေးထားဆောင်ရွက်ရတဲ့ လူမှုတာဝန်တစ်ရပ်ဖြစ်နေသလို ကိုယ်ခန္ဓာ သန်စွမ်းလှပမှုရော၊ အသားအရေအလှအပ ထိန်းသိမ်းမှုပါ အပံ့အပိုးဖြစ် စေတဲ့ လူမှုကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆရာဝန်တစ်ဦးလည်းဖြစ်၊ အနု ပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ပုံနဲ့ ပတ်သက်လို့ အနေအထိုင်၊ အစားအစာ၊ စိတ်ဖိအားဖြေ လျှော့ပုံတို့အပါအဝင် ကိုယ်ခန္ဓာအလှအပ၊ အသားအရေအလှအပ ထိန်းသိမ်းပုံအပြင် စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာဖို့အတွက် နေ့စဉ်ပြုမူလုပ်ဆောင်ပုံများအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

အနုပညာသမားတစ်ယောက်ဖြစ်တဲ့အပြင် ဆရာဝန်တစ်ယောက်လည်းဖြစ်တော့ ညီမအနေနဲ့ ကျန်းမာရေးကိုကော ဘယ်လိုမျိုးဂရုစိုက်ဖြစ်လဲ

ညီမအနေနဲ့ အဓိကလုပ်ဖြစ်တာက ရေများများသောက်ဖြစ်တယ်။ အိပ်ချိန်၊ စားချိန်မှန်အောင်ထားတယ်။ အဲဒီလိုမျိုး ဂရုစိုက်ဖြစ်တယ်။ ညီမ အသားမစားဘူး။ အသီးအရွက်ပဲစားတယ်။ တအားချိုတဲ့ အစာတွေရှောင်တယ်။ အဆီ တအားများတာတွေရှောင်တယ်။ အစာလျှော့စားတာတို့ သိပ်မရှိဘူး။

လူတစ်ယောက်အတွက်ခန္ဓာကိုယ်ကျန်းမာဖို့တင်မကဘဲစိတ်ကျန်းမာဖို့လည်းအရေးကြီးပါတယ်။ ညီမအနေနဲ့ စိတ်ကျန်းမာအောင်ကော ဘယ်လိုနေထိုင်ဖြစ်လဲ။

အခုခေတ်ကြီးက ပိုဆိုးတယ်။ အလုပ်တွေ အပြိုင်အဆိုင်လည်း တအားများတယ်။ အချိန်တွေနဲ့ အလုပ်လုပ်ရတယ်။ ညီမကတော့ Stress တွေ တအားများလာပြီဆိုရင် ကြိုးစားပြီး ခရီးထွက်ဖြစ်အောင် လုပ်တယ်။ ကိုယ် ကျင်လည်နေကျ ပတ်ဝန်းကျင်ကနေ ထွက်ဖြစ်အောင် ကြိုးစားတယ်။ အဲဒါမှ အပြောင်းအလဲအသစ်၊ စိတ်သစ်လူသစ်နဲ့ အလုပ်တွေ ထပ်ပြီးလုပ်နိုင်မှာ။ အမြဲတမ်း အပြောင်းအလဲဖြစ်အောင် ကိုယ့်ကိုယ် ကိုယ်နေတယ်။ ခရီးထွက်ဖြစ်တယ်။

ညီမကိုကြည့်လိုက်ရင် အမြဲတမ်းဝိတ်တက်နေတာမတွေ့ရဘူး။ ခန္ဓာကိုယ်ပိုင်းကိုကော ဘယ်လိုမျိုးထိန်းသိမ်းလဲ။

ဝိတ်မတက်တာက အစားတွေ လျှော့စားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ညီမက အသားမစား၊ အချို၊ အဆီအဆိမ့်တွေ မစားဘူး။ အဲဒါ တွေက မကြိုက်လို့မစားတာ။ အဲဒါကြောင့် ဝိတ်သိပ်မတက်တာ ထင်တယ်။ ဝိတ်တက်တဲ့အရာတွေ သိပ်မလုပ်ဖြစ်ဘူး။ နောက်တစ်ခုက ဝိတ်ပုံမှန်ချိန်ဖြစ်တယ်။ ဝိတ် ၂ ပေါင်၊ ၃ ပေါင်လောက်တက်လာ ပြီဆိုရင် ပြန်ပြီးချတယ်။ ညီမတို့က ကင်မရာရှေ့ရောက်ရင် အပြင်က ခန္ဓာကိုယ်ထက် ပိုကြီးသွားတယ်။ အဲဒါကြောင့် ကိုယ့် ဝိတ်ကိုကိုယ် အမြဲတမ်း ဂရုစိုက်ဖြစ်တယ်။ ဝိတ်တက်လာပြီဆိုရင် ညစာလျှော့စားလိုက်တယ်။ ညစာကို ပုံမှန်လျှော့တာတော့ မဟုတ်ဘူး။ ဝလာပြီဆိုမှ ညစာကိုရှောင်လိုက်တယ်။

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အသားအရေကိုကော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

အသားအရေကို အဓိက Lotion ကို ပုံမှန်လိမ်းတယ်။ Body Spa တွေလုပ်တယ်။ Skin Care တွေပုံမှန်သုံးတယ်။ ရေများများ သောက်ဖြစ်တယ်။ အသီးအနှံများများ စားဖြစ်တယ်။ ဗီတာမင်စီက အမျိုးသမီးတွေမှမဟုတ်ဘူး။ ဗီတာမင်စီ ပြည့်ပြည့်ဝဝ ခန္ဓာကိုယ်ထဲမှာရှိရင် တော်ရုံတန်ရုံဖျားတာတို့၊ တုပ်ကွေးတို့ အဲဒါမျိုးမရှိတော့ဘူး။ ဖြစ်နိုင်ရင် ဗီတာမင်စီပါတဲ့ အစားအစာ၊ ဆေးတို့ ပုံမှန်စားသောက်သင့်ပါတယ်။ ဗီတာမင်စီက ကိုယ်ခန္ဓာစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် ညီမတို့ မိန်းကလေးတွေအတွက် အသားအရေလည်း လှစေတယ်။ ဗီတာမင် စီကနေတစ်ဆင့် မျက်နှာပေါ်က ဆဲလ်တွေကိုလည်း အားပေးတယ်။ အဓိကက ဗီတာမင်စီက အသားအရေကို လှစေတယ်။

နောက်ဆုံးအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို မျိုးနေထိုင်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦး။

အခုအချိန်မှာ ရာသီဥတုက ပြောင်းနေတော့ တုပ်ကွေးဖြစ်တဲ့သူတွေလည်း တအားများနေတယ်။ ညီမကိုယ်တိုင်လည်း ခဏခဏဖျားတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေးကောင်းဖို့ အိပ်ချိန်၊ စားချိန်မှန်ဖို့လည်း အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။

တွယ်တာ ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071