Sunday, May 10, 2026

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊...

အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ...

အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ "အခုချိန်ကစပြီး...
HomeMoviesပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲ၍ ကုန်စည်ပို့ဆောင်မှု...

ပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲ၍ ကုန်စည်ပို့ဆောင်မှု လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်မည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပါဆယ်ရထားများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု၍ ရထားတွဲဆိုင်းများ တိုးချဲ့ပြေးဆွဲနေပြီး၊ ခရီးသွားပြည်သူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် ဧပြီ ၄ ရက်မှစ၍ “ခ” အဆက်ရထားကို ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အထူးပါဆယ်ရထားများကို ပါဆယ်တွဲ ၁၀ တွဲနှင့် ဘရိတ်တွဲ ၁ တွဲဖြင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၂၄၃ တန်အထိ တင်ဆောင်နိုင်မည်ဖြစ်သည်။

အဆိုပါရထားများသည် ပဲခူးမှစတင်၍ ကျောက်ဆည်အထိ အဓိကဘူတာများတွင် ရပ်နားမည်ဖြစ်ပြီး ဧပြီ ၄ ရက်မှ စတင်ကာ အဆန်/အစုန် ခေါက်ပြန်စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်း၌ ပါဆယ်တွဲ ၉ တွဲပါဝင်သော အထူးပါဆယ်ရထားများကို ပြေးဆွဲမည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၂၀၆ တန်အထိ တင်ဆောင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်-ပြည်နှင့် သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်းများရှိ လူစီးရထားများတွင်လည်း ပါဆယ်တွဲများ ထပ်မံချိတ်ဆက်ကာ ကုန်စည်တင်ဆောင်နိုင်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ ပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲခြင်းမှာ ကုန်စည်သယ်ယူပို့ဆောင်ခများ လျှော့ချနိုင်ရန်၊ ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိနိုင်ရန်၊ သယ်ယူပို့ဆောင်မှုကို မြန်ဆန်စေရန်နှင့် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တို-က်ခိုက်မှုအပြီး ရို-က်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျ-က်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလေ-ာင်ကျွမ်းနေသော အပျ-က်အစီးများနှင့် ပျ-က်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည် မီးတောင်ဝပတ်လည်တွင် အလေ-ာင်းများကို တွေ့ရှိခဲ့ပြီး သယ်ဆောင်မှုများ ကို လုပ်ဆောင်နေကြောင်း အေဂျင်စီ၏ အကြီးအကဲ အီဝမ် ရမ်ဒါနီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။       "မီးတောင်ပေါက်ကွဲမှု တွေကဆက်ဖြစ်နေတာနဲ့ ရာသီဥတုဆိုးဝါးတာကြောင့် အလောင်းတွေကို ရွှေ့ပြောင်းတာမှာ အဟန့်အတားဖြစ်နေဆဲပါပဲ" ဟု အီဝမ်က ပြောကြားခဲ့ပြီး ထိုဒေသတွင် မိုးရွာသွန်းလျက်ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။      အသက်ရှင်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းကို အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ချိန်တွင်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင်ရေဆင်းကူးသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာ ဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ရေနစ်သူ(၃)ဦးအား နေ့လည် ၁ နာရီ ၂၀ မိ နစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့၍ ရွှေညောင်ပင်နာရေးကူညီမှုအသင်းက လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071