အစ္စလာမာဘတ်၊မေ ၂၈
ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်းေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက နိုင်ငံတစ်ဝန်းရှိ တိရစ္ဆာန်များပါ အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သဘာဝဘေး စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အရှေပိုင်းပန်ဂျပ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦးထက်မနည်းေ-သဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သကဲ့သို့ ကျန်ပြည်နယ်အသီးသီး၌လည်း ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်။
လေပြင်းဒဏ်ကြောင့် အဆောက်အအုံပြိုကျ သော ဖြစ်ရပ်ပေါင်း ၁၅၀ ကျော်လည်းဖြစ်ပွားခဲ့ပြီး ေ-သဆုံးသူများထဲတွင် အမျိုးသမီးနှင့်ကလေ–းငယ်များလည်းပါဝင်သည်ဟုသိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ဆိုလာပြားများနှင့် မော်တော်ယာဉ်များအပါအဝင် အဆောက်အအုံများပါ ပြိုကျပျက်စီးနိုင်သဖြင့် မလိုအပ်ဘဲ ခရီးသွားခြင်းကိုရှောင်ကြဉ်ရန်လည်းသတိပေးချက်ထုတ်ပြန်ထားသည်။
Source : ရှင်းဟွာ