ကရာချိ၊ဖေဖော်ဝါရီ ၃
ပါကစ္စတန်သမ္မတသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ငါးရက်ကြာသွားရောက်မည်ဖြစ်ကြောင်းသိရသည်။
“တရုတ်သမ္မတရှီ ကျင့်ဖျင်ရဲ့ဖိတ်ကြားချက်အရ ပါကစ္စတန်သမ္မတ အာစစ်အလီဇာဒါရီဟာ ဖေဖော်ဝါရီ ၄ ရက်ကနေ ၈ ရက်နေ့အထိ ပေကျင်းကို နိုင်ငံတော်ခရီးစဉ်ဖြင် လာေရာက်မှာဖြစ်ပါတယ်” ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ဇာဒါရီအနေဖြင့် နှစ်ရှည်မဟာမိတ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနည်းလမ်းများအပါအဝင် နှစ်နိုင်ငံ ကိစ္စရပ်များ ကို ဆွေးနွေးရန်အတွက် ရှီအပါအဝင်အခြားတရုတ်ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဟုလည်းမျှော်လင့်ရသည်။
နှစ်ဘက်စလုံးသည် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ ဒုတိယအဆင့်တိုးတက်မှုကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း အစ္စလာမာဘတ်ရှိ သံတမန်သတင်းရင်းမြစ်ကပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့သည့် အမေရိကန် ဒေါ်လာ ၆၄ ဘီလျံတန် CPEC သည် မဟာဗျူဟာအရအရေးပါသော တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှင်ကျန်းပြည်နယ်အား ပါကစ္စတန်တောင်ပိုင်းရှိ Gwadar ဆိပ်ကမ်းနှင့်ချိတ်ဆက်ရန်ရည်ရွယ်ထားသည်။
အဆိုပါ CPEC စီမံချက်ကို ကုန်တင်ကုန်ချအပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့များပို့ဆောင်ရန်အတွက် လမ်းများ၊ရထားလမ်းများနှင့် ပိုက်လိုင်းကွန်ရက်များဖြင့်ချိတ်ဆက်သွားရန်ရည်ရွယ်ထားသည်ဟုလည်းသိရသည်။
Source : အန်နာဒိုလူ