ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မုတ်သုံအကြို မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပြီး သောကြာနေ့က ကမ္ဘာလှည့်ခရီးသွား များသည် ဒါဇင်နှင့်ချီ၍ မြစ်ကြောင်းအတွင်း မျောပါသွားခဲ့ကာ ေ-သဆုံးသူ ရှစ်ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း မိုးနှင့်ဆက်စပ်သော သဘာဝဖြစ်စဉ်များကြောင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ေ-သဆုံးသူ ၁၈ ဦးအထိ ရှိလာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဖွဲ့အသီးသီးမှ ကယ်ဆယ်ရေးသမား ၁၀၀ နီးပါးသည် စုစုပေါင်း လူ ၅၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ခိုင်ဘာပက်ထန်ခွာပြည်နယ် Swat မြစ်ကြောင်းတလျှောက် ပျော်ပွဲစားထွက်ရင်း ပျောက်ဆုံးနေသည့် ကမ္ဘာလှည့်ခရီးသွားများကို လိုက်လံရှာဖွေလျက်ရှိသည်ဟု ပြည်နယ်အရေးပေါ်ဌာန ပြောရေးဆိုခွင့်ရှိသူ ရှာဖာဟတ်က ပြောသည်။
လူဦးရေ ၁၆ ဦးရှိသည့် မိသားစုတစ်ခုမှ လူသုံးဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သူများ ပျောက်ဆုံးလျက်ရှိနေသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
နာရီ နှင့်ချီ ၍ ကြာအောင် ကယ်ဆယ်ရေးလုပ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများသည် ရုပ်အလောင်း ၈ လောင်းကို ပြန်ရှာတွေ့ခဲ့ပြီး ကျန်ရှိနေသည့် ၁၀ ဦးကိုလည်း ဆက်လက်ရှာဖွေနေသည်ဟု ဖာဟတ်က ပြောဆိုသည်။
ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်များတွင် မြစ်လယ်ရှိ အမြင့်ပိုင်းနေရာတစ်ခုတွင် လူ တစ်ဒါဇင်ခန့် သောင်တင်လျက်ရှိနေပြီး အရှိန်အဟုန်ဖြင့် မြင့်တက်လာသည့် ရေများကြားတွင် အော်ဟစ်ကာအကူအညီတောင်းခံနေသည်ကို တွေ့ရသည်။
အခြားဒေသများဖြစ်သော ပန်ဂျပ်ပြည်နယ်နှင့် ဆင်းဒ်ပြည်နယ်တို့တွင် ပြီးခဲ့သော ၂၄ နာရီအတွင်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်ဟု ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်တွင် မိုးဆက်လက်ရွာသွန်းမည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောဆိုထားသည်။ ပါကစ္စတန်နိုင်ငံတွင် နှစ်စဉ်မိုးရာသီသည် ဇူလိုင်လမှ စက်တင်ဘာလအထိ ဖြစ်သည်။
Ref: WHEC.com17:04