ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ်တွင် သောကြာနေ့က ဘတ်စ်ကားတစ်စီး သာ် လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့သဖြင့် လူ ၄၀ ဦးေ-သဆုံးပြီး ရှစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်းး ကယ်ဆယ်ရေးအေဂျင်စီနှင့် အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပုဂ္ဂလိက မြို့တွင်းဝန်ဆောင်မှုတစ်ခုက ပြေးဆွဲသော ဘတ်စ်ကားသည် ပြည်နယ်မြို့တော် ကွက်တာမှ နိုင်ငံ၏ မြို့တော် အစ္စလမ်မာဘတ်သို့ ဦးတည်ထွက်ခွာနေခြင်းဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
အခင်းဖြစ်ချိန်၌ ဘတ်စ်ကားပေါ်တွင် ခရီးသည် ၄၈ ဦး လိုက်ပါခဲ့ကြောင်းလည်း သူကဆက်လက်ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ ရှစ်ဦးကို ရှေးဦးသူနာပြု စောင့်ရှောက်မှုပေးပြီးနောက် အခင်းဖြစ်ပွားရာ ရှာရန်နီခရိုင်မှ မိုင် ၅၀ ခန့်အကွာ ဇော့ဘ်မြို့ရှိ အစိုးရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ ေ-သဆုံးသူများကိုလည်း ထိုဆေးရုံသို့ပင် ပို့ဆောင်ပေးခဲ့ကြောင်း အေဂျင်စီနှင့် ရှာရန်နီခရိုင် ဒုတိယကော်မရှင်နာ ဟာဇရတ်ဝါလီက ပြောကြားခဲ့သည်။
အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော သီးခြားဖြစ်ရပ်တစ်ခုတွင် ပါကစ္စတန်ရောက် အာဖဂန်ဒုက္ခသည် ၂၂ ဦးကို တင်ဆောင်လာသော ထရပ်ကားတစ်စီးသည် ကဘူးလ်-ဂျလာလာဘတ် အဝေးပြေးလမ်းပေါ်ရှိ မြစ်တစ်ခုအတွင်း ထိုးကျခဲ့သောကြောင့် လူ လေးဦးေ-သဆုံးကာ ၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒူလာ မိုဟာမာဒီက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
