ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။
PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်တော်ဝင်ခြင်းသည် ပါကစ္စတန်ရေတပ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် သမိုင်းမှတ်တိုင် ဖြစ် သာ်ဟုထုတ်ဖော်ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၎င်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်၊ ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်ရန်နှင့် စီးပွားရေးအသက်သွေးကြောများ၏ လုံခြုံရေးအတွက် အပြည့်အဝစွမ်းရည်ရှိပြီး ခိုင်မာဟန်ချက်ညီကာ ယုံကြည်စိတ်ချရသော ကာကွယ်ရေးရပ်တည်ချက်ကို ထိန်းသိမ်းရန်ဆိုသော အစ္စလာမ်မာဘတ်၏ သံန္နိဌာန်ကို အတည်ပြုပေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အရေးကြီးသော ရေကြောင်းဝင်ထွက်ပေါက်နေရာများရှိ အနှောင့်အယှက်များသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်မှုမြင့်တက်လာနေသည်ဟု အက်ရှ်ရက်ဖ်က မှတ်ချက်ပြုခဲ့ပြီး တည်ငြိမ်ပြီး စည်းမျဉ်းအခြေပြုသော ရေကြောင်းအခင်းအကျင်းကို ထိန်းသိမ်းရန် နည်းပညာအဆင့်မြင့် ရေတပ်တပ်ဖွဲ့များ လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
