ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ယမန်နေ့ ဇူလိုင်လ(၁၅)ရက်ကလျှောက်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
အဆိုပါ ပါတီများထဲမှ (၁၅) ပါတီကို မှတ်ပုံတင်ခွင့် ပြုထားပြီး ကျန်ပါတီများကိုလည်း မှတ်ပုံတင်ခွင့် ပြုနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လက်ရှိအချိန်ထိ နိုင်ငံရေးပါတီ (၁၉) ပါတီကို တည်ထောင်ခွင့် ပြုထားပြီ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီ အစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိစာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့် အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်ဟုလည်း သိရသည်။
