၂ဝ၁၈ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပရီမီယာကော်ဖီ (Lluvia Limited)မှ ဝန်ထမ်းများ ကိုယ်တိုင် ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ ရေဘေးသင့်နေရာများ ဖြစ်သော ကျောက်တန်းရွာ၊ကွမ်ပေါင်ရွာ၊ သရက်သုံး ပင်ရွာ၊ကျိုက် ကေနှင့် ကွေ့တန်းရှည်ကျေးရွာများရှိ အိမ်ထောင်စု ပေါင်း ၁,၁ဝဝ ထံသို့ တစ်အိမ်ထောင်လျှင်ကျပ် ၂၇,ဝဝဝကျော်တန်ဖိုးရှိ စားသောက် ကုန်များ သွားရောက် ထောက်ပံ့ပေးခဲ့သည်။ ထောက်ပံ့ပစ္စည်း များမှာ ဆန် ၅ ပြည်၊ စားဆီ၊ ပရီမီယာကော်ဖီထွက် ကုန်ပစ္စည်းများ၊ ဝါးလားခေါက်ဆွဲ ခြောက်ထုပ်များနှင့် အခြားစား သောက်ဖွယ်ရာများ အစုံအလင် စုစု ပေါင်းတန်ဖိုးကျပ်သိန်းပေါင်း ၂၉ဝ ကျော်ဖြစ်သည်။ လှူဒါန်းဖြစ်ပုံနှင့် ပတ်သက်ပြီး Premier Coffee မှ Head of Marketing ဖြစ်သူ ဒေါ်ယဉ်ဝေ ပြုံးမှ …
”အခုလိုရေဘေးသင့်ပြည်သူ များထောက်ပံ့ခြင်းနဲ့ အခြား ဃျွှ လှုပ်ရှားမှုများကို ပရီမီယာကော်ဖီမှ အခါအားလျော်စွာ ပြုလုပ်လေ့ရှိပါ တယ်။ ရေဘေးသင့်ပြည်သူများကို တတ်အားသရွေ့ နှစ်စဉ်ထောက်ပံ့ ခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ဒီနှစ်မှာပထမအကြိမ်အဖြစ် မော်လမြိုင် ဘက်မှာ ဇွန်လ ၂၅ ရက်နေ့က တန်ဖိုးပေါင်းကျပ် ၁၈၅ သိန်းကျော်နဲ့အခုပဲခူးတိုင်းအ တွက်တန်ဖိုးပေါင်းကျပ်သိန်း ၂၉ဝကျော်က ဒုတိယအကြိမ်ထောက်ပံ့ခြင်းဖြစ် ပါတယ်” ဟု ပြောကြားခဲ့သည်။